Uncharted
နိတ်ဒရိတ်ဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲကွာသွားခဲ့ပြီး ဘားမှာ အရက်ဖျော်တဲ့အလုပ်လုပ်ရင်း လူကုံထံတွေဆီက အလစ်သုတ်ကာ အသက်မွေးနေသူပါ။ တစ်နေ့မှာ ဆမ်ရဲ့မိတ်ဆွေပါလို့ဆိုတဲ့ ဗစ်တာဆူလီဗန်က သူ့ဆီရောက်လာပြီး ပျောက်ဆုံးနေတဲ့ ရွှေသိုက်ကြီးတစ်ခုကို အတူရှာဖို့ လာခေါ်ပါတယ်။ အဲဒီရွှေသိုက်က ဖာဒီနန်မက်ဂျဲလန်၊ ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုနဲ့ သင်္ဘောသား ၁၈ ယောက်တို့နဲ့ ဆက်နွယ်နေပြီး အနည်းဆုံး ၅ ဘီလီယံ တန်ကြေးရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရွှေသိုက်ကို လိုချင်နေတာ သူတို့နှစ်ယောက်တည်း မဟုတ်ပါဘူး။ ဆန်တီယာဂိုမွန်ကာဒါဆိုတဲ့ စပိန်သူဌေးတစ်ယောက်လည်း ရှိနေတော့ နိတ်နဲ့ ဆူလီဗန်တို့ဟာ သူ့ရန်ကို ရှောင်ရင်း ရတနာကို ရှာကြရတယ်။ သူတို့ ရွှေသိုက်ကို ရှာတွေ့ပြီး ရွှေတွေကို ရနိုင်ပါ့မလား။ နိတ်ကရော ကွဲကွာနေတဲ့ အစ်ကိုဆမ်နဲ့ ပြန်ဆုံနိုင်ဦးမလား။ ဗီဒီယိုဂိမ်းကို လူသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့ ဒီအက်ရှင်စွန့်စားခန်းဇာတ်ကားမှာ Tom Holland က နိတ်ဒရိတ်အဖြစ်၊ Mark Whalberg က ဗစ်တာဆူလီဗန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Columbia Pictures က ရိုက်ကူးရုံတင်ခဲ့ပြီး ရုပ်ရှင်အဖြစ် ပြောင်းရိုက်မယ့်သတင်းနဲ့ သရုပ်ဆောင်စာရင်း ထွက်လာကတည်းက ဂိမ်းပရိသတ်တွေကြား မျှော်လင့်မှုတွေနဲ့ ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့တဲ့ကားပါ။
ဇာတ်လမ်းအကြောင်း