When Winter Comes
ဂုံဆော့ဝူဟာ ရုပ်ရှင်ဒါရိုက်တာဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ဘတ်စ်ကားမောင်းနေသူပါ။ တစ်နေ့ ဘတ်စ်ကားဂိတ်က ထိုင်ခုံပေါ်မှာ ကျန်နေတဲ့ MP3 စက်လေးတစ်ခုကို တွေ့ရာက ဂိတ်စာရေးမလေး ယန်းယောင်းအယ်နဲ့ စတင်တွေ့ဆုံဖြစ်လာပါတယ်။ အဲဒီစက်လေးကြောင့်ပဲ ဂုံဆော့ဝူဟာ သူ့အတိတ်နဲ့လည်း ပြန်ရင်ဆိုင်ရဖို့ ဖြစ်လာတယ်။ ယောင်းအယ်က MP3 စက်ကို ပိုင်ရှင်က လွှင့်ပစ်ခဲ့တာလို့ ယုံကြည်ပေမယ့် ဂုံဆော့ဝူကတော့ မေ့ကျန်ခဲ့တာပဲလို့ အခိုင်အမာ ပြောနေပါတယ်။ ယုံကြည်ချက်မတူတဲ့ သူတို့နှစ်ယောက်ဟာ စက်လေးတစ်ခုကို အကြောင်းပြုပြီး စတင်သိကျွမ်းလာကြတာပါ။ အချိန်ကြာလာရင် သူတို့ကြား သံယောဇဉ်တွေ ဖြစ်လာမလား၊ MP3 စက်လေးမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ၊ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာကို အေးအေးဆေးဆေး ပြောပြထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း