Gully Boy
အသက် ၂၂ နှစ်အရွယ် မူရတ်ဟာ ရက်ပ်ဂီတကို ရူးသွပ်တဲ့ မွတ်ဆလင်ကောင်လေးတစ်ယောက်ပါ။ ကားမောင်းသမားဖြစ်တဲ့ သူ့အဖေက သားရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးများစွာ ပံ့ပိုးပေးခဲ့တယ်။ ဒါပေမယ့် အဖေ နောက်အိမ်ထောင်ပြုလိုက်တဲ့နောက်မှာတော့ သူတို့အိမ်ရဲ့ နေ့စဉ်ဘဝဟာ စိတ်ဆင်းရဲစရာတွေ ပြည့်လာပါတယ်။ မူရတ်က သူရင်ထဲမှာ ခံစားနေရတာတွေကို သီချင်းတွေအဖြစ် ရေးဖွဲ့လာခဲ့တယ်။ သူတို့လမ်းထဲက ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို ကိုယ်တိုင်ရေးထားတဲ့ ရက်ပ်သီချင်းတစ်ပုဒ်နဲ့ ဖော်ပြပြီး YouTube ပေါ် တင်လိုက်ရာက ဂီတလမ်းကို ဆက်လျှောက်ဖို့ အခွင့်အလမ်းတစ်ခု ရလာပါတယ်။ တစ်ဖက်မှာလည်း မူရတ်မှာ အသက် ၁၃ နှစ်ကတည်းက သစ္စာရှိရှိ တွဲလာတဲ့ ချစ်သူရှိတယ်။ သူ့ချစ်သူက ချမ်းသာတဲ့မိသားစုက ဆရာဝန်မလေးဖြစ်ပြီး သဝန်တိုတတ်သူပါ။ မူရတ် ဂီတအလုပ်တွေ လုပ်လာတဲ့အခါ ချစ်သူနဲ့ အဆင်ပြေနိုင်ပါ့မလား၊ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အမြဲငိုနေရတဲ့ အမေ့ကိုရော ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မလား။ ရမ်ဘီဆင်းနဲ့ အာလီယားဘတ်တို့ ပါဝင်ထားတဲ့ ၂၀၁၉ ခုနှစ်ထွက် ဒီဂီတဇာတ်ကားမှာ မူရတ်ရဲ့ဘဝနဲ့အတူ ရက်ပ်သီချင်းများစွာကို နားထောင်ရမှာပါ။
ဇာတ်လမ်းအကြောင်း