ဇာတ်ကားများ ရွေးရန်

Sarkaru Vaari Paata

2022ဇာတ်ကားအမှတ် 5.4/10162 မိနစ်

မဟီက ကိုယ်ပိုင်ငွေချေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ငွေချေးအေးဂျင့်တစ်ယောက်ပါ။ ငယ်ငယ်က ကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် ရစရာအကြွေးရှိရင် တစ်ရူပီးကအစ အရမရမချင်း လိုက်တောင်းတတ်တယ်။ ဒီလိုလူမျိုးဆီကို ကာလာဗာသီဆိုတဲ့ မိန်းကလေးတစ်ယောက်က ပညာသင်ဖို့ဆိုပြီး ဒေါ်လာ ၁၀၀၀၀ လာချေးပါတယ်။ မဟီက ကာလာဗာသီကို သဘောကျသွားပေမယ့် သိပ်မကြာခင်မှာပဲ သူ့ရဲ့သရုပ်မှန်ကို သိလိုက်ရတယ်။ အကြွေးဆို နည်းနည်းလေးတောင် အလျှော့မပေးတတ်တဲ့ မဟီက ဒီဒေါ်လာ ၁၀၀၀၀ ကို ပြန်ရဖို့ ဘယ်အထိလိုက်တောင်းမလဲ၊ ဘယ်လိုနည်းတွေနဲ့ တောင်းမလဲ။ ဒီငွေချေးမှုကနေ ဘယ်လိုအဖြစ်အပျက်တွေ ဆက်ပေါ်လာမလဲဆိုတာကို မဟေရှ်ဘာဘူ ပါဝင်သရုပ်ဆောင်ထားတဲ့ တလဲဂူးအက်ရှင်ဇာတ်ကားမှာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း