ဇာတ်ကားများ ရွေးရန်

Part-Time Spy

2017ဇာတ်ကားအမှတ် 6.0/10117 မိနစ်

Part-Time Spy (2017) "Part-Time Spy" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၁၇ ခုနှစ်မှာ ဒါရိုက်တာ Kim Deok-su က ရိုက်ကူးထားပြီး၊ မင်းသမီး Kang Ye-won နဲ့ Han Chae-ah တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် အလုပ်အကိုင်မတည်ငြိမ်ဘဲ ယာယီဝန်ထမ်း (Part-time) ဘဝနဲ့ပဲ လုံးချာလိုက်ပြီး ရုန်းကန်နေရတဲ့ မမကြီး ဂျန်ယောင်းရှီးလ်ရဲ့ အောက်ခြေဘဝလေးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အလုပ်ပြုတ်လုနီးနီးဖြစ်နေတဲ့အချိန် အမျိုးသားလုံခြုံရေးဌာနက အထက်လူကြီးတစ်ယောက် လူလိမ်ခံလိုက်ရာကနေ အလိမ်ခံလိုက်ရတဲ့ ငွေတွေကို ပြန်ရဖို့အတွက် သူမကို အဲဒီဂိုဏ်းထဲ သူလျှိုအဖြစ် စွန့်စွန့်စားစား အတွင်းလူဝင်လုပ်ခိုင်းလိုက်ရာကနေ ဇာတ်လမ်းက စတာပါပဲ။ အလုပ်ကြိုးစားမှုကြောင့် အမြဲတမ်းဝန်ထမ်း ဖြစ်လာပြီး မိသားစုနဲ့အတူ စိတ်အေးချမ်းသာစွာ၊ ဘဝကို တည်ငြိမ်လွတ်လပ်စွာ ရှင်သန်ချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ခွင်ထဲမှာပဲ စိတ်တိုတတ်တဲ့ စုံထောက်မလေးနဲ့ မမျှော်လင့်ဘဲ ပူးပေါင်းမိရာကနေ ဖြစ်လာတဲ့ အလွဲတွေ၊ လူလိမ်ဂိုဏ်းသားတွေရဲ့ သံသယတွေနဲ့ လက်တွေ့ဘဝကြား ပဋိပက္ခတွေက ကြီးလာတဲ့အခါ… သူမရဲ့ ရွေးချယ်မှုက မှန်ကန်နေပါဦးမလား... ဟာသနဲ့ လှုပ်ရှားမှုတွေကို တစ်ပြိုင်နက်တည်း ပေးစွမ်းမယ့် ဒီဇာတ်ကားဟာ အလုပ်အကိုင်အတွက် ရုန်းကန်နေရတဲ့ သာမန်လူတွေရဲ့ ဘဝအမောကို ဖော်ပြထားသလို၊ "ကိုယ့်ရဲ့ တန်ဖိုး" ဆိုတာ ဘာလဲဆိုတာကိုလည်း ပြန်လည်တွေးတောစေမယ့် ရုပ်ရှင်တစ်ကားပါ။ ဒီလို ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိမိစေမယ့် ဇာတ်ကားလေးကို အတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်။ File Size - 1.7 GB/ 862 MB Quality - WEB-DL 1080p/ 720p Duration - 1h 57m Format - mp4 Genre - Action, Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း