ဇာတ်ကားများ ရွေးရန်

Encounters of the Spooky Kind

1980ဇာတ်ကားအမှတ် 6.8/10104 မိနစ်

"Encounter of the Spooky Kind (1980) " ဘယ်အရာကိုမှမကြောက်တတ်ဘဲ သတ္တိကောင်းလွန်းလို ရွာထဲမှာ နာမည်ကြီးသူတစ်ဦးကတော့ "သတ္တိခဲချောင်"ပဲ ဖြစ်ပါတယ် တစ်ရက်မှာတော့ သူဟာ သူငယ်ချင်းတွေရဲ့ စိန်ခေါ်မှုကြောင့် သရဲခြောက်တဲ့ အိမ်အိုကြီးထဲမှာ တစ်ညတာ သွားရောက်ဖြတ်သန်းရာကနေ သဘာဝလွန် ဖြစ်ရပ်ဆိုးတွေနဲ့ စတင်ကြုံတွေ့ရပါတော့တယ် ​တကယ်တော့ ဒါတွေဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ သူ့ရဲ့အလုပ်ရှင် "သခင်ကြီးတန်" က စီစဉ်ထားတာပါသခင်​​ကြီးတန်က ချောင်ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေပြီး ဒီလျှိဝှက်ချက် ပေါက်ကြားသွားမှာ စိုးရိမ်တာကြောင့် ချောင်ကို လုပ်ကြံဖို အောက်လမ်းဆရာတစ်ဦးကို ငှားရမ်းခဲ့ပါတယ် အောက်လမ်းဆရာက ပြုစားထားတဲ့ သရဲတစ္ဆေတွေ ဖုတ်ကောင်တွေ သုံးပြီး ချောင်ကို အသက်အန္တရာယ်ပြုဖို ကြိုးစားပါတော့တယ် ​ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ အောက်လမ်းဆရာရဲ့ စိတ်ကောင်းရှိတဲ့ ညီနောင် ဆရာတစ်ဦးက ချောင်ဘက်ကနေ ကူညီပေးခဲ့ပြီး အောက်လမ်းပညာတွေကို ကွန်ဖူးပညာ အစီအရင်တွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်တဲ့ တရုတ်ရိုးရာ သဘာဝလွန်တိုက်ပွဲကြီး စတင်ပါတော့တယ် ခေတ်ဟောင်း ဟောင်ကောင် ကွန်ဖူးရုပ်ရှင် ဝါသနာအိုးတွေနဲ့ သရဲဟာသကား ကြိုက်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း