ဇာတ်ကားများ ရွေးရန်

ONE PIECE HEROINES

2026ဇာတ်ကား

One Piece: Heroines ဆိုတာဘာလဲဆိုတော့ ပင်မဇာတ်ကြောင်းနဲ့ မသက်ဆိုင်ပဲ OP ထဲက အမျိုးသမီးဇာတ်ကောင်တွေရဲ့ Spin-off ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ စာရေးဆရာမ Jun Esaka က ရေးသားခဲ့ပြီး Light Novel အဖြစ် OP မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာမျိုးပါ။ ဇာတ်ကောင်တွေအနေနဲ့ဆို OP အဖွဲ့ဝင် Nami တို့ Robin တို့အပြင် Princess Vivi တို့ Perona တို့ Boa Hancock နဲ့ တခြားမိန်းကလေးဇာတ်ကောင်တွေရဲ့ အကြောင်းအရာတွေကို ရေးသားထားတာပါ။ သူကတော့ ပင်မဇာတ်လမ်းလို တိုက်ခိုက်ရေးဘာညာတွေအစား မိန်းကလေးတွေရဲ့ ပင်ကိုယ်စရိုက်တွေ သံယောဇဉ်တွေ စိတ်ကူးစိတ်သန်းတွေ တစ်နေ့တာ ဖြတ်သန်းမှုလေးတွေလိုမျိုး Vibe ကို ဦးစားပေး မြင်ရမှာပါ။ အဲဒါကို ပရိသတ်အားပေးမှုနှုန်းများသွားတော့ အခုကျ Anime Special အနေနဲ့ ထုတ်ပေးလာပြီပဲ ဖြစ်ပါတယ်။ စထွက်လာတဲ့အပိုင်းကတော့ ရေလမ်းကြောင်းပြ ဆရာမကြီး Nami ရဲ့အကြောင်းလေးပါ။ ဒီအပိုင်းထဲမှာ‌တော့ သူ့ရတနာတွေ အခိုးခံလိုက်ရတာ သူစီးနေတဲ့ဖိနပ်က မကောင်းလို့ဆိုပြီး အဲဒီဒီဇိုင်နာဆိုင်ကို သွားပြီး ကွန်ပလိန်းတက်ပါတယ်။ အဲဒီမှာတင် ဆိုင်ပိုင်ရှင်က သူ့ရတနာတွေကို ခိုးထားတာကို သိလိုက်ပြီး သူ့ကို မော်ဒယ်လျှောက်ဖို့ ကမ်းလှမ်းလိုက်တဲ့အချိန် လက်ခံလိုက်ပြီး ရတနာတွေကို ဘယ်လိုပြန်ခိုးသွားမလဲ နောက်ပြီး အဆင်ပြေတဲ့ဖိနပ်ကိုရော ရှာတွေ့ပါ့မလားဆိုတာ ထူးထူးခြားခြား ရှုထောင့်လေးကနေ ကြည့်ရှုခံစားရမှာပါ...။

ဇာတ်လမ်းအကြောင်း