ဇာတ်ကားများ ရွေးရန်

Hallelujah

1997ဇာတ်ကားအမှတ် 6.7/1098 မိနစ်

Hallelujah (1997) လိမ်ညာပြီး ငွေရှာတတ်တဲ့သူတစ်ယောက်ကို သင်းအုပ်ဆရာအဖြစ် ဟန်ဆောင်ခိုင်းလိုက်ရင် ဘယ်လောက်တောင် ရှုပ်ထွေးတဲ့အခြေအနေတွေ ဖြစ်လာမလဲ။ ထောင်ကထွက်လာခါစ ယန်းဒုဂွန်းကတော့ သူ့ဘဝကို အရင်အတိုင်းပဲ လိမ်ညာမှုတွေနဲ့ ဆက်ဖြတ်သန်းဖို့ ကြံစည်နေသူပါ။ တစ်နေ့မှာ မတော်တဆကြုံတွေ့မှုတစ်ခုကနေ သင်းအုပ်ဆရာတစ်ယောက်နဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို ရရှိလာပြီး အဲဒီစာထဲမှာ ဘုရားကျောင်းဖွံ့ဖြိုးရေးအတွက် လှူဒါန်းမယ့် ဝမ်သန်း ၁၀၀ အကြောင်း ပါဝင်နေတာကို သိလိုက်ရပါတယ်။ ငွေသန်း ၁၀၀ ဆိုတဲ့ ပမာဏကို ကြားလိုက်ရတဲ့ ယန်းဒုဂွန်းတစ်ယောက် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သတိလစ်နေတဲ့ သင်းအုပ်ဆရာရဲ့ နေရာမှာ ဝင်ဟန်ဆောင်ပြီး ဘုရားကျောင်းကို ရောက်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ငွေ သန်း ၁၀၀ ရဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ ဘုရားကျောင်းမှာ နှစ်ပတ်ကြာ နေရမယ့်အပြင် သင်းအုပ်ဆရာတစ်ယောက်လိုလည်း ပြုမူနေရတာကြောင့် သူ့ရဲ့လိမ်ညာမှုတွေကို ဖုံးကွယ်ဖို့ ပိုပိုပြီး ခက်ခဲလာပါတယ်။ အစက ငွေရဖို့တစ်ခုတည်းကိုပဲ စဉ်းစားခဲ့တဲ့သူဟာ ဘုရားကျောင်းက လူတွေနဲ့ နီးကပ်လာတဲ့အခါ ကိုယ်တိုင်တောင် မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ ငွေသန်း ၁၀၀ ရဖို့ စခဲ့တဲ့ လိမ်ညာမှုတစ်ခုက ယန်းဒုဂွန်းရဲ့ဘဝကို ဘယ်လိုပြောင်းလဲသွားစေမလဲ။ သူ့ရဲ့ဟန်ဆောင်မှုတွေကို လူတွေသိသွားကြမလား၊ ဒါမှမဟုတ် သူကိုယ်တိုင်တောင် မထင်ထားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမလားဆိုတာ ရယ်စရာအလွဲတွေကြားကနေ ဆက်လက်ကြည့်ရှုရမှာပါနော်။ လူလိမ်တစ်ယောက်ရဲ့ ဟန်ဆောင်မှုတွေ၊ ဘုရားကျောင်းထဲက မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရယ်စရာကောင်းသလို တွေးစရာလည်း ပေးနိုင်တဲ့ ကိုရီးယားဟာသကားဟောင်းလေးတစ်ကားမို့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File Size - 1.9 GB/ 783 MB Quality - WEB-DL 1080p/ 720p Duration - 1h 38m Format - mp4 Genre - Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း