ဇာတ်ကားများ ရွေးရန်

Code Name: Jackal

2012ဇာတ်ကားအမှတ် 6.0/10107 မိနစ်

CodeName: Jackal (2012) ဒီတစ်​ခေါက်မှာ​တော့ ပရိသတ်ကြီးတို့အတွက် ၂၀၁၂ခုနှစ်မှာထွက်ရှိခဲ့တဲ့ မမဆုန်းဂျီဟိုရဲ့ ဟာသ​ကား​​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။ ဒီကား​လေးမှာ​တော့ TVXQ, JYJ Member​ ဟောင်းတစ်ဦးဖြစ်တဲ့အပြင် Bad Memory Eraser ဇာတ်ကားထဲမှ Kim Jae-Joong, The Judge From Hellမှ Han Sang-Jin, Buried Hearts မှ Seo Dong-Wonတို့လည်း ပါဝင်ပါတယ်။ ချွဲဟျွန်း ( Kim jae joong)က​တော့ နာမည်ကြီး အဆို​တော်တစ်ဦးပါ။ တစ်​နေ့မှာ​​တော့ လူတစ်​ယောက်က ချွဲဟျွန်းကို သတ်ဖို့အတွက် ဘုံးမင်​​​ဂျောင်း( Song Ji hyo)ကို ငှားခဲ့ပါတယ်။ အဲဒီအတွက်​ကြောင့် ဘုံးမင်​ဂျောင်းဟာ ချွဲဟျွန်း​နောက်ကို ​နောက်​ယောင်ခံလိုက်ရင်း Paradise Hotelကို ​ရောက်လာခဲ့ပါ​​တော့တယ်။ သူ မသိခဲ့တာက အဲဒီHotelမှာ နာမည်ကြီး လူသတ်သမား ဂျက်ကယ်လ်ကို ဖမ်းဖို့အတွက် ရဲ​တွေက အသွင်ယူ စုံစမ်း​နေကြတယ်ဆိုတာကိုပါပဲ။ လူသတ်ဖို့ကို ပထမဆုံး တာဝန်ယူဖူးတာဖြစ်သလို သူသတ်ရမဲ့ ချွဲဟျွန်းရဲ့ ပရိသတ်လည်းဖြစ်​နေတဲ့ ဘုံးမင်​ဂျောင်း တစ်​​ယောက် သူ့တာဝန်ကို ပြီး​အောင်လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို ဟာသ​လေး​နှောပြီး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File Size - 1.8 GB/ 866 MB Quality - BluRay 1080p/ 720p Duration - 1h 47m Format - mp4 Genre - Action, Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း