ဇာတ်ကားများ ရွေးရန်

The Journey With The Wish Fish

2026ဇာတ်ကားအမှတ် 5.6/1089 မိနစ်

ညီလေးကိုကယ်တင်ဖို့ အဖေဖြစ်သူကိုလိုက်ရှာကြတဲ့ အစ်ကိုဖြစ်တဲ့လီရှီးနဲ့ ရွှေငါးကြင်းနတ်သားလေးလီလီတို့ရဲ့ စွန့်စားခန်းပဲဖြစ်ပါတယ်။လီရှီးရဲ့ညီဖြစ်တဲ့ လီကျင်းဟာ မိစ္ဆာအငွေ့အသက်တွေဖိနှိပ်တာကိုခံထားရလို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကိုကြုံလာရပါတယ်။ တစ်ဖက်မှာလဲ သူတို့ရဲ့အဖေလီခွန်းဟာလဲ ဘယ်ပျောက်လို့ ပျောက်နေမှန်းမသိ ဆန်းကြယ်စွာပဲပျောက်ဆုံးနေပါတယ်။ လမ်းစပျောက်နေတဲ့လီရှီးဟာ မိရိုးဖလာ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ ခွန်းဆိုတဲ့ငါးပုံဆွဲပြားရဲ့ လမ်းညွှန်မှုနဲ့ ခွန်းနယ်မြေကနတ်ငါးလေး လီလီကို မထင်မှတ်ပဲဆင့်ခေါ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ခွန်းဆွဲပြားနဲ့အတူ လီလီရဲ့အကူအညီနဲ့ လီရှီးတို့ရဲ့အဖေကိုရှာဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ် မာနကြီးသလိုနဲ့ တက်ကြွဖြတ်လက်တဲ့ နတ်ငါးလေးလီလီနဲ့ မိသားစုအတွက်ဘာဆိုလုပ်ဝံ့တဲ့ ရဲရင့်တဲ့လူငယ်လေးလီရှီးတို့၂ယောက်ဟာ ညီလေးကိုကယ်တင်ဖို့နဲ့ အမှန်တရားကိုရှာဖွေဖို့အတွက် အန္တရာယ်တွေထောင်ချောက်တွေဝန်းရံနေတဲ့ ကြီးမားတဲ့မဟာစွန့်စားခန်းကြီးထဲကို လက်တွဲပြီး အတူတူဝင်ရောက်သွားပါတော့တယ်...... Filesize : 2.22 GB / 1.23 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Animation, Adventure, and Fantasy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း