ဇာတ်ကားများ ရွေးရန်

Blank Canvas: My So-Called Artist's Journey

2025ဇာတ်ကားအမှတ် 7.4/10126 မိနစ်

ဒီဂျပန်ကားလေးက ပိုစတာပုံက ပေါတောတောထင်ရပေမဲ့ ဇာတ်လမ်းလေးကောင်းပြီး မင်းသမီးလေးကလည်း ချစ်စရာကောင်းတဲ့ကားလေးပါ။ ကျွန်တော်တို့ ကိုယ်စီငယ်ဘဝတွေမှာ အဆူအပူအရမ်းသန် အရိုက်ကြမ်းပြီး ပညာတတ်စေလိုတဲ့စိတ်ကြောင့် ကြောက်ခဲ့ရတဲ့ ဆရာ ဆရာမတွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ ဒီကားလေးကို ကြည့်လိုက်ရင် သူတို့ကို သေချာပေါက် ပြန်အောက်မေ့သွားစေဦးမှာပါ။ ဇာတ်လမ်းလေးကတော့ Mangaka လို့ခေါ်တဲ့ မန်ဂါရေးဆွဲသူ ဖြစ်ချင်တဲ့ အာကီကိုဆိုတဲ့ ကောင်မလေးအကြောင်းပါပဲ။ သူဟာ ငယ်စဉ်ကတည်းက မန်ဂါစာအုပ်လေးတစ်အုပ်ကို တွေ့ခဲ့ရာကနေ တစ်နေ့မှာတော့ မန်ဂါဆရာဖြစ်ရမယ်လို့ ကျုံးဝါးခဲ့သူလေးပေါ့။ ဒီလိုနဲ့ အထက်တန်းရောက်တော့လည်း ပန်းချီကျောင်းဝင်နိုင်ဖို့ သင်တန်းတစ်ခုတက်ရတော့မယ်ဆိုတော့ သူငယ်ချင်းဖြစ်သူဆီက စုံစမ်းရာကနေ ဈေးပေါပေါနဲ့ နေရာလေးတစ်ခုကို တွေ့သွားပါတယ်။ တကယ်တမ်းရောက်သွားရော အာကီကိုတစ်ယောက် အိမ်ကို ချက်ချင်း ပြန်ပြေးချင်စိတ်တွေ ပေါက်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့ အဲဒီသင်တန်းက ဆရာဆိုတဲ့လူကြီးက ပန်းချီဆရာနဲ့လည်းမတူပဲ ဝါးဓားကြီးကို တရမ်းရမ်းနဲ့ တပည့်မှန်သမျှကို အသေအလဲဟောက် ဆဲဆိုပြီး ဘာဆိုဘာမှမလုပ်ရသေး ဆွဲ ဆွဲဆိုတာချည်း အသေခိုင်းပြီး ကြောက်စရာကောင်းလို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ အာကီကိုတစ်ယောက် သူ့ဆရာဖြစ်သူနဲ့ ဘယ်လိုစခန်းသွားပြီး မန်ဂါဆရာမဖြစ်အောင် ကြားထဲ ဘယ်လိုကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဂျပန်ကားကောင်းလေးပဲ ဖြစ်လို့ လာရောက်အားပေးလိုက်ပါဦးဗျာ....။

ဇာတ်လမ်းအကြောင်း