ဇာတ်ကားများ ရွေးရန်

Oh My Dog

2022ဇာတ်ကားအမှတ် 5.7/10121 မိနစ်

ပြိုင်ပွဲတိုင်းမှာ ပထမဆုရလေ့ရှိတဲ့ ခွေးသင်တန်းကျောင်းတစ်ခုက မျိုးကောင်းမျိုးသန့်ခွေးတွေကိုပဲ မွေးမြူထားပါတယ်။ တစ်နေ့မှာတော့ အဲဒီကျောင်းက Husky ခွေးမလေးတစ်ကောင် သားပေါက်ရာမှာ မျက်စိမမြင်တဲ့ ခွေးလေးတစ်ကောင် ပါလာတယ်။ အသုံးမဝင်တဲ့ခွေးတွေကို သတ်ပစ်ဖို့ အထက်က အမိန့်ပေးထားတာကြောင့် ခွေးလေးကို တောထဲခေါ်သွားကြပေမယ့် သတ်ဖို့လုပ်နေတုန်း လွတ်မြောက်သွားပါတယ်။ အဲဒီခွေးလေး ဆင်းမ်ဘာဟာ အာဂျွန်ဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံမိတယ်။ မျက်စိမမြင်ပေမယ့် အနံ့ခံအာရုံကောင်းတဲ့ ဆင်းမ်ဘာက အာဂျွန်ရဲ့အနံ့ကိုခံပြီး အိမ်အထိ လိုက်လာရာက သူ့ရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာပါတယ်။ ဒါပေမယ့် ဆင်းမ်ဘာကို သတ်ဖို့လိုက်ရှာနေတဲ့ လူနှစ်ယောက်ကတော့ လက်မလျှော့ကြသေးဘူး။ သူတို့ ဆင်းမ်ဘာရဲ့သတင်းကို ရသွားတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ။ တစ်ဖက်မှာလည်း နှစ်စဉ်ကျင်းပတဲ့ ခွေးပြိုင်ပွဲထဲ ဆင်းမ်ဘာကို ဝင်ပြိုင်စေချင်ကြတော့ မျက်စိမမြင်တဲ့ခွေးလေးကို ဘယ်လိုလေ့ကျင့်ပေးပြီး ဝင်ယှဉ်ပြိုင်ကြမလဲ။

ဇာတ်လမ်းအကြောင်း