ဇာတ်ကားများ ရွေးရန်

Wolfen

1981ဇာတ်ကားအမှတ် 6.0/10115 မိနစ်

Wolfen (1981) IMDb Rating (6.3) / Rotten Tomatoes (72%) နယူးယောက်မြို့ရဲ့မျက်နှာဖုံး သူဌေးကြီးတစ်ယောက်နဲ့သူ့သက်တော်စောင့်အဖွဲ့၊ သူ့ဇနီးတို့ဟာညသန်းခေါင်အချိန်မှာ ကြောက်စရာကောင်းလှတဲ့နည်းလမ်းနဲ့တစ်စစီဆွဲဆုတ်သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ အမှုက သိပ်ဆန်းလွန်းနေတဲ့အတွက် ဒီအမှုကိုစုံစမ်းဖို့ ဒါမျိုးတွေမှာ အတွေ့အကြုံရှိတဲ့ စုံထောက် ဒီဝီ ဝီလ်ဆင်ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒါဟာ နိုင်ငံရေးအစွန်းရောက်တွေ ဒါမှမဟုတ် အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ ရဲတပ်ဖွဲ့က ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာပေါ်က ဒဏ်ရာတွေဟာလူလုပ် ဒဏ်ရာမဟုတ်ပဲ သားရဲတိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ ကိုက်ဖြဲမှုမျိုးဖြစ်နေတာကို ဓာတ်ခွဲခန်းအဖြေအရသိလိုက်ရချိန်မှာတော့ အမှုက လမ်းကြောင်းပြောင်းသွားပါတော့တယ်။ စုံထောက်ဝီလ်ဆင်တစ်ယောက် အမေရိကန်တိုင်းရင်းမျိုးနွယ်စုတွေနဲ့ဆက်စပ်စုံစမ်းရင်းကနေနယူးယောက်မြို့ရဲ့ အမှောင်ရိပ်တွေမှာလူသားတွေထက် အမြင်အာရုံအကြားအာရုံပိုထက်မြက်ပြီး အသိဉာဏ်မြင့်မားလွန်းတဲ့ သမိုင်းဦးကတည်းက တည်ရှိလာတဲ့ ဝုလ်ဖင်ဆိုတဲ့ သတ္တဝါဆန်းတွေရှိနေကြောင်းသိလိုက်ရချိန်မှာတော့..။ သာမန်ဝံပုလွေကားထက် စုံထောက်ဇာတ်လမ်းသွားကိုဦးစားပေးထားပြီး သည်းထိတ်ရင်ဖိုနဲ့ပေါင်းစပ်ထားတဲ့ 80s ဂန္ဓဝင်ကာလရဲ့အငွေ့အသက်ကိုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.4 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:54:29 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း