ဇာတ်ကားများ ရွေးရန်

Sword Art Online, Unanswered//butterfly

2026ဇာတ်ကား118 မိနစ်

ဒီကောင်လေးကတော့ Bandai ကနေ ထွက်ရှိလာမယ့် "Sword Art Online: Echoes of Aincrad" ဂိမ်းအတွက် ပရိုမို Epilogue ရုပ်ရှင်လေးပါ။ သူက Sword Art Online ဇာတ်လမ်းကမ္ဘာထဲကဖြစ်ပြီး Kirito တို့ Asuna တို့ ပါဝင်ပေမဲ့လည်း SAO ကို မကြည့်ဖူးတဲ့လူတွေလည်း ကြည့်လို့ အဆင်ပြေတဲ့ Stand alone ရုပ်ရှင်ဇာတ်လမ်းလေး ဖြစ်လို့ စိတ်ချလက်ချ Enjoy လုပ်နိုင်ပါတယ်။ ဒီ SAO ကိုတော့ ပုံမှန် Anime တွေဆွဲတဲ့ A-1 Pictures ကမဟုတ်ပဲ Polygon Pictures ကနေ 3D CGI စတိုင်နဲ့ ဖန်တီးပေးထားတာပါ။ ဇာတ်လမ်းလေးကတော့ Sword Art Online ဂိမ်းဆိုတာ ဂိမ်းထဲကို လူတွေရောက်သွားပြီး နောက်ကွယ်က မသမာသူတွေကြောင့် ဂိမ်းထဲကလူတွေ အပြင်ပြန်မထွက်နိုင်ပဲ ဂိမ်းထဲမှာသေရင် အပြင်မှာပါ သေနေကြလို့ ဒုက္ခရောက်နေတဲ့ကာလ။ အဲဒီမှာ အပြင်မှာလည်း လူချင်းသိကြတဲ့ Emirun ဆိုတဲ့ကောင်မလေးနဲ့ Rex ဆိုတဲ့ကောင်လေးတို့ဟာ ဒီဂိမ်းထဲမှာပဲ ပြန်တွေ့ဆုံခဲ့ကြတယ်။ အဲဒါ ၂ ယောက်သား ပါတီတွေ ဘာတွေဝင်ပြီး ဒီလောကြီးထဲ Explore လုပ်နေတုန်း Player Killer ဆိုပြီး ကစားသမားတွေကို လိုက်သတ်နေတဲ့ အမည်းရောင်ဓားသမားနဲ့ ဆုံကြတဲ့အခါ သူတို့တစ်ဖွဲ့လုံး အကုန်လစ်သွားပြီး Emirun နဲ့ Rex တို့ပဲ ကျန်ခဲ့ပါတော့တယ်။ ဒီတော့ ဒီ အမည်းရောင်ဓားသမားကို လိုက်ရှာပြီး ပြန်လက်စားချေဖို့အတွက် တိုက်ခိုက်ရေးမလုပ်နိုင်ပေမဲ့ ဉာဏ်ကောင်းတဲ့ Rex ရယ် တစ်ခုခုဆို ထစ်ခနဲရှိ ခေါင်းမသုံးပဲ ဝင်လုံးချင်တဲ့ Emirun ဆိုတဲ့ကောင်မလေးတို့က နာမည်ကြီး ဓားသမားဖြစ်တဲ့ Asuna ဆိုတဲ့ ကောင်မလေးကိုလိုက်ရှာ ဆရာတင်ပြီး လေ့ကျင့်ရေးဆင်းကာ နောက်ပိုင်း ဘယ်လိုမျိုး လက်စားချေကြမလဲ အောင်မြင်မလား၊ တကယ့်အဖြစ်မှန်တွေက ဘယ်လိုလဲဆိုတာကို ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်....။

ဇာတ်လမ်းအကြောင်း