My Little Pony: Equestria Girls – Rainbow Rocks
My Little Pony: Equestria Girls - Rainbow Rocks (2014) Equestria Girls စီးရီးတွေထဲမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကာတွန်းကားဖြစ်ပြီး အရောင်အသွေး စုံလင်လှပါတယ် ဇာတ်လမ်းကတော့ သာမန် အထက်တန်းကျောင်းသားလေးတွေအဖြစ် ပြောင်းလဲနေထိုင်နေကြတဲ့ Sunset Shimmer နဲ့ သူမရဲ့ သူငယ်ချင်းအဖွဲ့ဆီကို... Equestria ပြည်နယ်ကနေ နယ်နှင်ဒဏ်ပေးခြင်း ခံထားရတဲ့ Sirens သုံးကောင် ဖြစ်တဲ့ Adagio, Aria နဲ့ Sonata တို့ ရောက်ရှိလာရာကနေ စတင်ထားတာပါ။ ဒီ Sirens သုံးကောင်ဟာ Canterlot High ကျောင်းမှာ ရှိနေတဲ့ မော်ဂျစ်စွမ်းအားတွေကို ရရှိသွားပြီးနောက် ကျောင်းသားတွေကြားထဲမှာ အချင်းချင်း စည်းဝမ်းကွဲပြားအောင် သွေးခွဲကာ... ကျောင်းရဲ့ ရိုးရိုးဂီတပွဲတော်ကို အချင်းချင်း ရန်ဖြစ်စိန်ခေါ်ကြရတဲ့ ဂီတတိုက်ပွဲ အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ် ဒါကို သိရှိသွားတဲ့အခါ Twilight Sparkle တစ်ယောက် Equestria ကနေ လူ့ကမ္ဘာဆီ ပြန်လည်ရောက်ရှိလာပြီး... သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Applejack, Rainbow Dash, Pinkie Pie, Rarity, Fluttershy တို့နဲ့အတူ "The Rainbooms" ဆိုတဲ့ တီးဝိုင်းဖွဲ့ကာ ဂီတစွမ်းအားဖြင့် သွေးခွဲနတ်ဆိုးတွေကို စည်းလုံးစွာ ပြန်လည်တိုက်ခိုက်သွားကြရပုံကို မိသားစုနဲ့ကြည့်လို့ရမယ့် animation ကောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း