ဇာတ်ကားများ ရွေးရန်

My Little Pony: Equestria Girls - Friendship Games

2015ဇာတ်ကားအမှတ် 7.4/1072 မိနစ်

Canterlot High ကျောင်းနဲ့ ပြိုင်ဘက် Crystal Prep Academy ကျောင်းတို့ကြားက ရိုးရာအားကစားပြိုင်ပွဲဖြစ်တဲ့ "Friendship Games" (ချစ်ကြည်ရေး အားကစားပွဲ) ကို ကျင်းပဖို့ ပြင်ဆင်နေချိန်ကနေ ဇာတ်လမ်းစထားပါတယ်။ Canterlot High ဘက်က Sunset Shimmer နဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ ကျောင်းရဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အခြားကမ္ဘာက Twilight Sparkle မဟုတ်ဘဲ၊ လူသားကမ္ဘာက သိပ္ပံပညာကို အရူးအမူးဝါသနာပါတဲ့ ကျောင်းသူလေး Twilight Sparkle (Sci-Twi) ဟာ ပြိုင်ဘက် Crystal Prep ကျောင်းဘက်ကနေ ပါဝင်လာပါတယ်။ Sci-Twi ဟာ Canterlot High က ထူးဆန်းတဲ့ မှော်စွမ်းအင်တွေကို စူးစမ်းလေ့လာရင်းနဲ့ မတော်တဆ မှော်အစွမ်းတွေကို စုပ်ယူမိရာကနေ ပြိုင်ပွဲကြီးမှာ မထင်မှတ်ထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ "Equestria Girls – Friendship Games" ဟာ My Little Pony ပရိသတ်တွေအတွက်ရော၊ အန်နီမေးရှင်း ဇာတ်ကားကောင်းတွေကို ရှာဖွေကြည့်ရှုချင်သူတွေအတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့အတူတူ အပန်းဖြေရင်း ကြည့်ရှုဖို့အတွက် အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…    1.1 GB / 500 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Animation , Family , Music Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း