Umma
အမန်ဒါဟာ မိခင်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ကိုရီးယားကနေ အမေရိကန်နိုင်ငံဆီ ထွက်ပြေးပြီး အခြေချနေထိုင်ခဲ့သူပါ။ အခုတော့ သူ့သမီး ခရစ်လည်း အရွယ်ရောက်လာပြီ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ရင်း ဖုန်း၊ အီးမေးလ်၊ အင်တာနက် ဘာမှမသုံးဘဲ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်ပြီး နေထိုင်လာခဲ့ကြပါတယ်။ တစ်နေ့မှာတော့ အမန်ဒါရဲ့ဦးလေးက ကိုရီးယားကနေ သူတို့အိမ်ရှေ့အထိ ရောက်လာတယ်။ သူနဲ့အတူ ပါလာတာက သေဆုံးသွားတဲ့ အမန်ဒါ့မိခင်ရဲ့ အရိုးပြာနဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပါ။ သမီးအပေါ် စွဲလန်းစိတ်နဲ့ သေဆုံးသွားခဲ့တဲ့ မိခင်ရဲ့ဝိညာဉ်က အမန်ဒါနဲ့ ခရစ်တို့ရဲ့ဘဝထဲ ဝင်လာတဲ့အခါ သားအမိနှစ်ယောက် အန္တရာယ်တွေနဲ့ ကြုံရပါတော့တယ်။ Killing Eve နဲ့ လူသိများတဲ့ Sandra Oh ဦးဆောင်ပါဝင်ထားပြီး အာရှအငွေ့အသက်ပါတဲ့ ထိတ်လန့်သည်းဖို၊ လျှို့ဝှက်ဆန်းကြယ်ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း