ဇာတ်ကားများ ရွေးရန်

Koati

2021ဇာတ်ကားအမှတ် 7.1/1092 မိနစ်

ဂျာဂွား Balam အုပ်ချုပ်တဲ့ မိုးသစ်တောထဲမှာ Nachi က တစ်ကောင်တည်းသော coati လေးပါ။ တစ်နေ့ မထင်မှတ်ထားတဲ့ ဘေးအန္တရာယ် ကျရောက်လာပြီး Balam လည်း အသက်ဆုံးရှုံးသွားပါတယ်။ တောထဲက တိရစ္ဆာန်တွေဟာ ဒီနေရာကို စွန့်ခွာသွားမလား၊ တောထဲမှာပဲ ဘေးကင်းတဲ့နေရာရှာပြီး ဆက်နေမလားဆိုတာ ဆုံးဖြတ်ရတော့တယ်။ Zaina ဆိုတဲ့ မြွေမရဲ့ စကားကို နားယောင်ပြီး တခြားအကောင်တွေက ပြောင်းရွှေ့ဖို့ ပြင်ဆင်ကြပေမယ့် Nachi ကတော့ တောထဲမှာပဲ ကျန်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်နောက်ကွယ်မှာ အကြောင်းရင်းတစ်ခု ရှိနေပြီး အဲဒီကိစ္စကို အဖြေရှာဖို့ စွန့်စားခရီး ထွက်လာတယ်။ သူနဲ့အတူ စကားမပြတ်ပြောတတ်တဲ့ ဖားလေး Pako နဲ့ အကြောက်အလန့်မရှိတဲ့ လိပ်ပြာမလေး Xochi တို့လည်း ပါလာကြပါတယ်။ Nachi ဘာကြောင့် တောထဲမှာပဲ ကျန်နေချင်တာလဲ၊ သူတို့သုံးကောင် ခရီးတစ်လျှောက် ဘယ်လိုအန္တရာယ်တွေ ကြုံပြီး ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ဆက်ပြထားတဲ့ ကာတွန်းဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း