ဇာတ်ကားများ ရွေးရန်

Labyrinth aka Meikyuu no Shiori (2025)

2026ဇာတ်ကားအမှတ် 6.6/10116 မိနစ်

အသစ်ထွက်ရှိလာတဲ့ စိတ်ကူးယဉ် Sci-fi Anime ရုပ်ရှင်လေး ဖြစ်ပါတယ်။ Shiori ဆိုတဲ့ အထက်တန်းကျောင်းသူကောင်မလေးက လိုင်းပေါ်မှာ ဆယ်လီလေးတစ်ယောက် ဖြစ်ချင်ပေမဲ့လည်း အရှက်အကြောက်ကြီးလွန်းတာကြောင့် အာရုံစိုက်ခံရခြင်း မရှိသူလေးပါ။ ဆန့်ကျင်ဖက်အနေနဲ့ သူ့ဘော်ဒါကောင်မလေးကတော့ ပေါ်ပင်လေးပေါ့လေ။ တစ်ရက် နှစ်ဦးသားလေ့ကျင့်နေကြတုန်း Shiori တစ်ယောက် လှေကားပေါ်ကနေ အရှက်တကွဲ ပြုတ်ကျပါလေရော။ ပြုတ်ကျတာက အရေးမကြီးပေမဲ့ အဲဒီ ဗီဒီယိုကြီးက လိုင်းပေါ်ရောက်သွားပြီး ပေါက်သွားတဲ့အခါကျ လူတွေကြားထဲ အရှက်ကွဲပြီး နေရခက်လာတဲ့ Shiori တစ်ယောက် မည်သို့မည်ပုံရယ်မသိပဲ ထူးဆန်းစွာနဲ့ စမတ်ဖုန်းကမ္ဘာထဲမှာ ရောက်ပြီး ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူ့နေရာကိုလည်း သူနဲ့ တစ်ပုံစံတည်းတူတဲ့ Shiori ဆိုတာက ဝင်နေရာယူထားပြီး မွှေနေတဲ့အချိန် စမတ်ဖုန်းကမ္ဘာထဲက Shiori တစ်ယောက် အဲဒီမှာ Emoji Sticker လေးတစ်ကောင်နဲ့ ခင်မင်ပြီး လက်တွေ့လောကထဲကို ဘယ်လိုပြန်ရောက်အောင် ကြိုးပမ်းသွားမလဲ၊ ဒီစမတ်ဖုန်းကမ္ဘာဆိုတာကလည်း တကယ်တမ်း ဘာကြီးလဲ စသဖြင့် စိတ်ဝင်စားစရာလေးတွေနဲ့ တင်ဆက်ဖော်ကျူးထားတဲ့ Anime ကားလေး ဖြစ်တာမို့ အားပေးလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ...။ File size… 1.8 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Anime, Fantasy, Sci-fi Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း