ဇာတ်ကားများ ရွေးရန်

All Wishes Come True!

2026ဇာတ်ကားအမှတ် 8.0/10143 မိနစ်

Digital အကြည်တော့မထွက်သေးပါဘူး တောင်းဆိုသူများပြားတာကြောင့် လက်ရှိအကြည်ဆုံး HDTC Version ကိုတင်ဆက်ပေးလိုက်ပါတယ် ရှေးဟောင်းဒဏ္ဍာရီထဲက နတ်ဘုရားတွေကို ဒီတစ်ခါမှာတော့ လူသားတွေအဖြစ် ပြန်လည်မြင်တွေ့ရမှာပါ… ကိုယ့်ရဲ့အတိတ်နဲ့ ကိုယ့်ရဲ့ကံကြမ္မာကို ကျော်ဖြတ်ရင်း အတူတကွ ရပ်တည်ပြီး မဖြစ်နိုင်တဲ့အရာကို ဖြစ်အောင်လုပ်ကြမဲ့ လူတစ်စုရဲ့ စွန့်စားခန်းကတော့ ပရိသတ်တွေကြားမှာ အခုတလော အရမ်းရေပန်းစားနေတဲ့ Animation ဇာတ်ကား “八仙” ဆိုတဲ့ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုံတင်ပြီးချိန်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး စက်တင်ဘာ ၂၂ ရက်အထိ စုစုပေါင်းဝင်ငွေ ယွမ် ၁.၉၄၉ ဘီလီယံအထိ ရရှိထားပါတယ်…ဒါ့အပြင် Maoyan 9.7၊ Taopiaopiao 9.6 နဲ့ Douban 8.2 အထိ ရရှိထားတာကြောင့် ဒီနှစ်နွေရာသီရဲ့ လူကြိုက်များတဲ့ Animation ဇာတ်ကားတွေထဲက တစ်ကားဖြစ်လာခဲ့ပါတယ် ဇာတ်လမ်းမှာတော့ သာမန်လူသားတစ်စုဟာ အတူတကွ လက်တွဲပြီး မဖြစ်နိုင်တဲ့အရာတွေကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံရဲ့ အမြင်ကိုတောင် လှည့်စားဖို့ ကြိုးစားကြရပါတယ်… အထူးသဖြင့် လျိုသုန့်ပင်းဟာ “ဝူရှင်းချန်း” ဆိုတဲ့ သူခိုးသူရဲကောင်းပုံစံနဲ့ လောကထဲ လှည့်လည်နေသူဖြစ်ပြီး ကျုံးလီချွမ်ကတော့ စာမေးပွဲဖြေဆိုမဲ့ ပညာရှင်ဘဝကနေ စစ်တပ်ထဲ ဝင်ရောက်သွားတဲ့အထိ ဘဝလမ်းကြောင်းအမျိုးမျိုးကို ဖြတ်သန်းလာသူပါ…ရှေးဟောင်းတရုတ်ဒဏ္ဍာရီတွေကို ခေတ်သစ်ဟာသနဲ့ အတွေးအခေါ်တွေ ပေါင်းစပ်ထားတာကြောင့် ရယ်စရာကောင်းတဲ့အခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေကို တစ်ပြိုင်နက်တည်း ခံစားရမှာပါ…အထူးသဖြင့် လျိုသုန့်ပင်းနဲ့ ကျုံးလီချွမ်တို့ရဲ့ “宾权” အတွဲက ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလာပြီး fan art တွေ၊ comic တွေနဲ့ အပြင်မှာပါ အထူးပွဲတွေ ကျင်းပတဲ့အထိ ဖြစ်လာခဲ့ပါတယ် လူသားတွေဟာ တကယ်ပဲ ကောင်းကင်ဘုံကို လှည့်စားနိုင်ပါ့မလား… လျိုသုန့်ပင်းနဲ့ ကျုံးလီချွမ်တို့ရဲ့ ခရီးက နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားမလဲ… ဒီလိုနဲ့ “八仙” ရဲ့ စိတ်ဝင်စားစရာ စွန့်စားခန်းကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်နော် Filesize : 2.25 GB / 1.23 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy, Animation, Fantasy, and Adventure Runtime : 2h 23 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း