ဇာတ်ကားများ ရွေးရန်

Unidentified

2026ဇာတ်ကားအမှတ် 7.5/10100 မိနစ်

Unidentified (2025) ​"အမှန်တရားဆိုတာ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ၊ တစ်နေ့ကျရင်တော့ သဲပြင်ကို ဖောက်ထွက်ပြီး ပေါ်လာစမြဲပါပဲ" ​ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို ရဲ့ သဲကန္တာရပြင်မှာ ကောင်မလေးတစ်ယောက်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိလိုက်ရပါတယ် ဒီလိုဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာပေမယ့် မိသားစုဂုဏ်သိက္ခာနဲ့ လူမှုရေးအရ ရှက်စရာဖြစ်လာမှာကို စိုးရိမ်ကြောက်ရွံကြတဲ့အတွက် ဘယ်သူကမှ ဒီအမှုမှန်ကို ဖော်ထုတ်ဖို စိတ်မဝင်စားကြဘဲ ရဲစုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေလည်း တန့်သွားခဲ့ပါတယ် ​ဒီလိုအခြေအနေမှာ ကိုယ်တိုင်လည်း ရင်နင့်စရာ ဝမ်းနည်းစရာတွေကို ကြုံတွေ့ထားရပြီး ရာဇဝတ်မှုဇာတ်လမ်းဆန်ဆန် စုံစမ်းရတာတွေကို ဝါသနာပါတဲ့ နဝါးလ်ကတော့ တရားမျှတမှုအတွက် ရှေ့ထွက်လာဖို ဆုံးဖြတ်လိုက်ပါတော့တယ် ရဲတပ်ဖွဲရဲ့ တရားဝင်စုံစမ်းမှုတွေ ရပ်တန့်နေချိန်မှာ သူတစ်ယောက်တည်း လျှိဝှက်ချက်တွေကို လိုက်လံဖော်ထုတ်ရင်း အမှန်တရားနောက်ကို လိုက်ပါတော့တယ် ​တစ်ဖက်မှာလည်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲတွေနဲ့ ပြောင်းလဲနေတဲ့ လူ့အဖွဲအစည်းရဲ့ ဖိအားတွေကိုပါ တစ်ပြိုင်နက် ရင်ဆိုင်ကျော်ဖြတ်နေရတဲ့အချိန်မှာ... သဲကန္တာရထဲမှာ တွေ့ရတဲ့ အမည်မသိ မိန်းကလေးရဲ့ အလောင်းနောက်ကွယ်မှာ ဘယ်လိုလျှိဝှက်ချက်တွေ ရှိနေမလဲ.... လူသတ်တရားခံကရော မထင်မှတ်ထားတဲ့လူများ ဖြစ်နေမလား... ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ တရားခံကို ဖော်ထုတ်ဖို ကြိုးပမ်းရာမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို နဝါးလ် တစ်ယောက် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ... ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Mystery / Thriller ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း