ဇာတ်ကားများ ရွေးရန်

Dog Day Evening

2026ဇာတ်ကားအမှတ် 6.7/10109 မိနစ်4K

လိုင်းမကောင်းလို့ အင်တာနက်လိုင်း ပြန်ဖြုတ်ချင်တာတို့ ၊ TV အခပေးလိုင်း Cancel လုပ်ချင်တာတို့ဆိုရင် Customer Service ကို ဖုန်းဆက်ရတာ ဘယ်လောက်တောင် ဒေါသထွက်ဖို့ကောင်းလဲဆိုတာ ကြုံဖူးတဲ့သူတိုင်း သိကြမှာပါ။ ဒါပေမဲ့ အဲဒီလို လိုင်းဖြတ်ဖို့ ကြိုးစားရင်းနဲ့ ဓားစာခံ ဖမ်းတဲ့အထိ အခြေအနေတွေ ဆိုးရွားသွားမယ်ဆိုရင်ကော...? ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် တကယ့်ကို ရယ်ရမလို ငိုရမလိုနဲ့ ဘဝနဲ့အရမ်းနီးစပ်တဲ့ အဖြစ်အပျက်လေးကို ဟာသ၊ မှုခင်း ပုံစံမျိုး အမိုက်စား ရိုက်ကူးထားတဲ့ ဟောင်ကောင် ဇာတ်ကားသစ်လေး "Dog Day Evening (2026) " ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဒီကားလေးဟာ ၂၀၂၆ ခုနှစ် ဇွန်လမှာ အသစ်ထွက်ရှိထားတာဖြစ်ပြီး Michael Ning ၊ Mak Pui Tung ၊ Fish Liew အစရှိတဲ့ နာမည်ကြီး ဟောင်ကောင်သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> K-Zai လို့ ဆိုတဲ့ လူငယ်လေးဟာ သူချိတ်ဆက်ထားတဲ့ "Happy TV" ရဲ့ လစဉ်ကြေးပေး ဝန်ဆောင်မှုကို ရပ်တန့်ချင်တဲ့အတွက် Customer Service ကို အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်း ငြင်းပယ်ခံနေရပါတယ်။ ဖုန်းဆက်လို့ အဆင်မပြေတဲ့အဆုံး ရုံးချုပ်ကို လူကိုယ်တိုင်သွားပြီး ဝန်ဆောင်မှုကို ဖျက်သိမ်းဖို့ ကြိုးစားတဲ့အခါမှာလည်း ဝန်ထမ်းတွေရဲ့ တစ်ယောက်တစ်ပေါက် အကြောင်းပြချက်တွေ၊ တာဝန်လွှဲချမှုတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရပါတော့တယ်။ ဒေါသထွက်ပြီး စိတ်လွတ်သွားတဲ့ K-Zai တစ်ယောက် မထင်မှတ်ဘဲ သေနတ်ကိုင် ဓားပြတစ်ယောက် အဖြစ် ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။ အဲဒီမှာတင် Customer Service က ဝန်ထမ်း Michael Ning၊ တာဝန်ကျ ရဲအရာရှိ၊ တီဗွီရုံက အရုပ်ဝတ်စုံဝတ်ထားတဲ့ ကောင်မလေးနဲ့ တခြားလာရောက်တဲ့ ဧည့်သည်တွေအားလုံး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတော့တယ်။ပြဿနာက သေးသေးလေးကနေ တစ်မြို့လုံးက စောင့်ကြည့်ရတဲ့ ဓားစာခံ အရှုပ်တော်ပုံကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားပါတယ်။ ရဲတွေရောက်လာပြီး ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း အဓိက ပြဿနာဖြစ်တဲ့ လစဉ်ကြေးပေးဝန်ဆောင်မှုကိုရပ်ဆိုင်းဖို့ ကိစ္စက ထင်ထားတာထက် အများကြီး ပိုခက်ခဲနေပါတယ်။ ဝန်ထမ်းတွေရဲ့ တာဝန်ရှောင်မှုတွေ၊ ဘယ်တော့မှ အဆုံးမသတ်တဲ့ Customer Service ကို ဖုန်းခေါ်တဲ့အချိန် စောင့်ဆိုင်းရတဲ့ ကြားရတဲ့ ဖုန်း Ringtune တေးဂီတသံတွေကြားမှာ ဒီလို ရယ်စရာကောင်းလှတဲ့ ဓားစာခံဖမ်းတဲ့ပြဿနာကြီး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားလေးဟာ သာမန် မှုခင်းကားတွေလို ပစ်ခတ်တိုက်ခိုက်နေတာမျိုး မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေသွင်းဖို့ဆို အရမ်းလွယ်ပြီး၊ ဝန်ဆောင်မှုဖြတ်ဖို့ဆို အရမ်းခက်တဲ့ လက်တွေ့ဘဝက အကျင့်စရိုက်တွေကို သရော်ထားတဲ့ (Dark Comedy) ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ကြည့်နေရင်းနဲ့ ကိုယ်တိုင် Customer Service ကို ဒေါသထွက်ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ပါ တိုက်ဆိုင်သွားစေမယ့် ကားလေးဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Filesize : 2.83 GB / 0.97 GB / 598 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mp4 Genres : Drama, Crime, and Comedy Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း