Kayaor Disrespecting Faith and the Supernatural
ဆရာသမားတွေကို ပူဇော်ကန်တော့ရတဲ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ စည်းကမ်းဖောက်ဖျက်ပြီး ပြစ်မှားမိလိုက်တဲ့အခါ တုံ့ပြန်လာမယ့် ကျိန်စာနဲ့ ကံကြမ္မာဆိုးက ဘယ်လောက်ထိ ကြောက်စရာကောင်းနေမလဲ... အီဆန်ဒေသရဲ့ ထင်ရှားလှတဲ့ မော်လမ် သဘင်အနုပညာလောကမှာ အနုပညာသည်တွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာသမားတွေကို ပူဇော်တဲ့ "ခိုင်အွမ်း" ဆိုတဲ့ ရိုးရာကန်တော့ပွဲနဲ့ မင်္ဂလာအခမ်းအနားကို အလေးအနက်ထား ကိုးကွယ်ယုံကြည်ကြပါတယ် တစ်နေ့မှာတော့ အဲဒီပူဇော်ပွဲလုပ်နေတုန်း မထင်မှတ်ထားတဲ့ ကြောက်မက်ဖွယ် မတော်တဆမှုကြီး ဖြစ်ပွားခဲ့ပြီး "ချိုင်" အဖွဲ့သားတစ်ယောက် ထိတ်လန့်ဖွယ်ရာ သေဆုံးသွားခဲ့ပါတယ် ဒီသေဆုံးမှုဟာ "ခိုင်အွမ်း" ပူဇော်ပွဲရဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြစ်မှားမိတာကြောင့် ဖြစ်လာတဲ့ ကျိန်စာကြောင့်လို့ အဖွဲ့ထဲမှာ သတင်းတွေ ပျံ့နှံသွားခဲ့ပါတယ် ဒါပေမဲ့ "ခဲန်" ဆိုတဲ့ အဖွဲ့သားတစ်ယောက်ကတော့ ဒီသေဆုံးမှုရဲ့ နောက်ကွယ်မှာ ရိုးရိုးကျိန်စာမကဘဲ လျှို့ဝှက်ချက် ရှိနေနိုင်တယ်လို့ သံသယဝင်လာခဲ့ပါတယ် သဘာဝလွန် အင်အားစုတွေ၊ ယုံကြည်ကိုးကွယ်မှုနဲ့ ကွယ်ဝှက်ထားတဲ့ အမှန်တရားကြားမှာ ခဲန် တစ်ယောက် စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း ထိတ်လန့်စရာ အန္တရာယ်ဆိုးကြီးထဲကို ကျရောက်သွားရတဲ့အခါ... ယုံကြည်ကိုးကွယ်မှုကို ပြစ်မှားမိသူတို ခံစားရမယ့် တုံပြန်မှုနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပါရှင်
ဇာတ်လမ်းအကြောင်း