ဇာတ်ကားများ ရွေးရန်

Barrio Triste

2026ဇာတ်ကားအမှတ် 6.6/1084 မိနစ်

Barrio Triste (2026) “တချိုလူတွေက သူတိုရဲ့ဘဝကို မှတ်တမ်းတင်ချင်ကြတယ်။ တချိုကတော့ သူတိုနေထိုင်နေရတဲ့ အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်ချင်ကြတယ်…” ​၁၉၈၀ ပြည့်လွန်နှစ်တွေက ကိုလံဘီယာနိုင်ငံ မက်ဒီလင်မြိုရဲ့ ဆင်းရဲရပ်ကွက်​ထဲမှာ နေထိုင်ကြတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေဟာ ဘဝရဲ့ ရုန်းကန်မှုတွေ၊ အထီးကျန်ဆန်မှုတွေနဲ့အတူ လမ်းပေါ်မှာ ဖြတ်သန်းနေကြပါတယ် တနေ့မှာတော့ ကောင်းကင်ပေါ်ကနေ ထူးဆန်းတဲ့အလင်းတန်းတွေ ကျဆင်းလာတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံလာပါတယ်။ အဲဒီဖြစ်ရပ်ကို စုံစမ်းဖို ရောက်လာတဲ့ သတင်းထောက်တွေရဲ့ ကင်မရာကို လူငယ်တစ်စုက ခိုးယူလိုက်မိပါတယ် သူတိုသူငယ်ချင်းတစ်စုက အဲဒီကင်မရာကို အသုံးပြုပြီး သူတိုရဲ့ နေ့စဉ်ဘဝတွေ၊ လမ်းပေါ်က ရုန်းကန်မှုတွေ၊ အန္တရာယ်များတဲ့ စွန့်စားခန်းတွေနဲ့ သူတိုနေထိုင်ရာ ရပ်ကွက်ရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ အဖြစ်မှန်တွေကို မှတ်တမ်းတင်ထားခဲ့ကြပါတယ် အစပိုင်းမှာတော့ သူတိုရဲ့ဘဝဟာ သာမန်လူငယ်တွေရဲ့ ပျင်းရိငြီးငွေ့မှု၊ စည်းကမ်းမဲ့မှုနဲ့ အပျော်အပါးတွေလို ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ အကြမ်းဖက်မှုတွေ၊ အန္တရာယ်ရှိတဲ့ ရွေးချယ်မှုတွေနဲ့ ရှင်းမပြနိုင်တဲ့ ထူးဆန်းဖြစ်ရပ်တွေက သူတိုရဲ့ကမ္ဘာကို ဝင်ရောက်လာပါတော့တယ် သူတိုရဲ့ သာမန်နေ့စဉ်ဘဝတွေဟာ ထူးဆန်းတဲ့ အပြောင်းအလဲတွေ၊ ကြောက်မက်ဖွယ်ရာ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့... သူတိုက ကင်မရာနဲ့ သူတိုရဲ့ဘဝကို မှတ်တမ်းတင်နေတာလား ဒါမှမဟုတ် သူတိုကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ အမှောင်ထုတစ်ခုရဲ့ သက်သေတွေ ဖြစ်လာနေတာလား ထူးဆန်းတဲ့အလင်းတန်းတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ.... ​စွန့်စားခန်းဆန်ဆန်၊ ထူးဆန်းမှုတွေနဲ့ ခပ်စိမ်းစိမ်း အငွေ့အသက်ကိုမှ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း