The Incomer
The Incomer [2026] +++++++++++ The Incomer (၂၀၂၆) ရုပ်ရှင်ကားလေးကတော့ ထူးခြားပြီး ရယ်ရတဲ့ အင်ဒီ ဟာသဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။ ၂၀၂၆ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ NEXT Innovator Award ဆုကို ရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက စကော့တလန်နိုင်ငံက အလွန်ဝေးကွာပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းလေးတစ်ကျွန်းမှာ နေထိုင်ကြတဲ့ အိုင်လာ နဲ့ ဆန်ဒီ ဆိုတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက သူတို့ရဲ့ မိဘတွေ ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက်ပိုင်း ဒီမောင်နှမနှစ်ယောက်ဟာ ကျွန်းပေါ်မှာ ပင်လယ်စင်ရော်ငှက်တွေကို ဖမ်းစားရင်း၊ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ စကားပြောရင်း၊ ကျွန်းကို ရောက်လာသမျှ ပြင်ပလူတွေကို ရန်သူတွေလို သဘောထားပြီး နှင်ထုတ်ရင်း နေထိုင်လာခဲ့ကြတာပါ။ တစ်နေ့မှာတော့ ဒယ်နီယယ် ဆိုတဲ့ ဝန်ထမ်းတစ်ယောက် ကျွန်းကို ရောက်လာပါတယ်။ သူက ဒီမောင်နှမနှစ်ယောက်ကို ကျွန်းပေါ်ကနေ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ပေးဖို့ တာဝန်နဲ့ ရောက်လာတာပါ။ တောရိုင်းလို နေလာခဲ့တဲ့ မောင်နှမနှစ်ယောက်နဲ့ ခေတ်လူသား သက်သတ်လွတ်စားတဲ့ ဒယ်နီယယ်တို့ တွေ့ဆုံကြတဲ့အခါ လွဲချော်မှုတွေ၊ ရယ်စရာတွေ အများကြီး ဖြစ်လာပါတော့တယ်။ အိုင်ယာ ကလည်း ရေထဲကို ခေါ်ဆောင်သွားချင်နေတဲ့ Finman ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါကြီးကို မြင်ယောင်နေတာတွေ ရှိပါသေးတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဒယ်နီယယ် အဖြစ် ဒွန်နယ်လ်ဂလီးဆန်၊ အိုင်စလာ အဖြစ် ဂေးလ်ရန့်ကင် နဲ့ ဆန်ဒီ အဖြစ် ဂရန့်အိုရော့ခ် တို့က အပီပြင်ဆုံး သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းက နည်းနည်းလေး ထူးဆန်းတယ်ဆိုပေမဲ့ လူသားဆန်တဲ့ ခံစားချက်တွေနဲ့ ရယ်စရာတွေကို သေသေချာချာလေး ပေါင်းစပ်ပေးထားပါတယ်။ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့် အပြင်၊ လူ့သဘာဝကို ထင်ဟပ်ပြနေတဲ့ အင်ဒီ ရုပ်ရှင်ကားကောင်းလေး တစ်ကားကို ရှာနေတယ်ဆိုရင်တော့ The Incomer ကားလေးကို ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။ File Size… (2.07GB) / (970MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 42m Genre …Comedy , Drama , Fandasy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း