ဇာတ်ကားများ ရွေးရန်

The Uninvited

2026ဇာတ်ကားအမှတ် 6.5/1089 မိနစ်

The Uninvited (2026) IMDb Rating (6.5) "ညဘက် လက်သည်းမညှပ်နဲ့ လာဘ်တိတ်တတ်တယ်" ဆိုပြီး အယူရှိကြသလို "လူ့လက်သည်းခွံကို စားပြီး လူအသွင်ပြောင်းနိုင်တဲ့ ကြွက်" ပုံပြင်ကိုလည်း Mousetrap စီးရီးကြောင့် တော်တော်များများ ရင်းနှီးကြပြီးသား ဖြစ်မှာပါ။ အလားတူပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အတန်းခေါင်းဆောင် မင်ဟီးရဲ့ အမူအရာတွေကနေစလို့ ဘဝတစ်ခုလုံးကို လိုက်ခိုးတုပနေတဲ့ အပယ်ခံမလေး ဆူအာကို မြင်တွေ့ရမှာပါ။ မင်ဟီးက သဘောကောင်းသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။ဒါကြောင့်လည်း သူ့ပတ်ဝန်းကျင်မှာ ခင်ချင်သူ မင်ချင်သူတွေ ဝိုင်းဝိုင်းလည်လို့ပါပဲ။ ဒါပေမဲ့ ဆူအာကတော့ ဆန့်ကျင်ဘက်ပါ။လူတိုင်းက သူ့ကို မြင်တာနဲ့ ထူးဆန်းတဲ့ကောင်မလေးလို့ သတ်မှတ်ပြီး ရှောင်ချင်နေကြတဲ့လူမျိုးပေါ့။ သိမ်ငယ်စိတ်ကနေ အစပြုလာတဲ့ မနာလိုဝန်တိုမှုတွေဟာ "ငါ နင်ဖြစ်ချင်တယ်"ဆိုတဲ့ စိတ္တဇဆန်ဆန် အစွဲအလမ်းကြီးမှုအဖြစ် ပြောင်းလဲသွားပြီး ဆူအာက မင်ဟီးရဲ့ ဘဝကို အစားထိုး ခိုးယူဖို့ ကြိုးစားလာတဲ့အခါ... ဘယ်လို အကျိုးဆက်တွေ ဆက်ဖြစ်လာမလဲ။ ဒါ့အပြင် မိခင်ဖြစ်သူ ကျန်းမာရေး စိုးရိမ်နေရတယ်ဆိုတဲ့ အကြောင်းကို ကြားပြီး အမေ့ကိုယ်စား အခန်းထဲပဲ အောင်းနေတဲ့ အစ်ကို့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ၁၆ နှစ်အကြာမှ မွေးရပ်မြေအိမ်ကို ပြန်လာတဲ့ "အာရွန်း"နဲ့ သားအမိနှစ်ဦး အသတ်ခံရမှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေ "ဆန်းဟာ"တို့ရဲ့ ဇာတ်လမ်းလေးတွေကိုလည်း ရှုစားရဦးမှာ ဖြစ်လို့ လူသားတွေရဲ့ အမှောင်ဖုံးနေတဲ့ အတွင်းစိတ်ကို အရှိအတိုင်း ပုံဖော်ပြထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်အိမ်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုလည်း လက်မလွတ်တမ်း ကြည့်ရှုကြဖို့ အကြံပြုလိုက်ရပါတယ်။ File Size : 820MB/ 360MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 29m Genre : Horror, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း