ဇာတ်ကားများ ရွေးရန်

Sacrifice

2026ဇာတ်ကားအမှတ် 5.6/10103 မိနစ်

Sacrifice (2026) (4K ကိုတော့ 3ရက်လောက်နေမှရပါမယ်။) IMDb Rating (5.1) / Rotten Tomatoes (36%) Sacrifice (၂၀၂၆) ရုပ်ရှင်ကတော့ ဒါရိုက်တာ Romain Gavras ရိုက်ကူးထားပြီး ကပ္ပတိန်အမေရိကမင်းသားတို့ အန်ညာတေလာဂျွိုင်းတို့လို နာမည်ကျော် သရုပ်ဆောင်တွေ အများကြီးပါဝင်တဲ့ Action-adventure comedy-drama (Satire/Thriller) ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၅ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာ စတင်ပြသခဲ့ပြီး Netflix ကနေ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာပါ။ ဇာတ်လမ်းအကျဉ်း နာမည်ကျော်ပြီး မကြာသေးခင်ကမှ လူမြင်ကွင်းမှာ ပြဿနာတက်ထားတဲ့ အက်ရှင်မင်းသားကြီး Mike Tyler (Chris Evans) ဟာ သူ့ရဲ့ နာမည်ကို ပြန်လည်ဆယ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ဂရိနိုင်ငံက မီးတောင်ကျွန်းလေးတစ်ခုပေါ်မှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေပွဲ (Charity Gala) တစ်ခုကို သူတက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ Mike အပြင် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ Ben Bracken (Vincent Cassel) နဲ့ သူ့မိန်းမ ပေါ့ပ်ကြယ်ပွင့် Gloria Bracken (Salma Hayek) တို့လို အထက်တန်းလွှာ နာမည်ကြီးတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဒီပွဲကို Joan (Anya Taylor-Joy) ခေါင်းဆောင်တဲ့ အစွန်းရောက် လူတစ်စုက ရုတ်တရက် ဝင်ရောက်စီးနင်းပြီး အဓိက ဧည့်သည် ၃ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့အခါ ဇာတ်လမ်းက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ Joan တို့အဖွဲ့ရဲ့ ယုံကြည်ချက်ကတော့ မီးတောင်ရှင်ထဲကို လူ ၃ ယောက် ယဇ်ပူဇော်မှသာ ကမ္ဘာကြီး ပျက်စီးမယ့်အရေးကနေ ကယ်တင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ ဒါကြောင့် အတိတ်က အက်ရှင်မင်းသားဖြစ်ခဲ့ဖူးတဲ့ Mike တစ်ယောက် သေဘေးကနေ လွတ်မြောက်ဖို့နဲ့ သူ့ရဲ့ ကျဆင်းနေတဲ့ နာမည်ကို ပြန်ဆယ်ဖို့ ဘယ်လိုတွေ ကြိုးစားရမလဲ၊ Joan ကရော သူ့ရဲ့ ယုံကြည်ချက်အတိုင်း အဆုံးထိ လုပ်သွားမလားဆိုတာကို အလှည့်အပြောင်းတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပါ။ File size… (1.2 GB) / (790 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Comedy Duration…. 01:40:50 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း