ဇာတ်ကားများ ရွေးရန်

Clean Hands

2026ဇာတ်ကားအမှတ် 6.7/10

Clean Hands [2026] +++++++++ ဒီဇာတ်ကားလေးကတော့ မူးယစ်ဆေးသုံးစွဲခြင်းရဲ့ အန္တရာယ်က ဘယ်လောက်ဆိုးဝါးနိုင်လဲ၊ သုံးစွဲသူကိုယ်တိုင်တင်မကပဲ ချစ်ခင်ရသူတွေ၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ ကင်ဆာလို ဘယ်လိုအမြစ်တွယ် ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပညာရဖွယ် ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ အရာရှိ ဘရွတ်ခ်ဟာ အမေရိကန်က မြို့နယ်တစ်ခုမှာ မူးယစ်တိုက်ဖျက်ရေးရဲဌာနကို ဦးဆောင်ပြီး နေ့စဉ်နေ့တိုင်း မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံဖမ်းဆီးပြီး တစ်နေ့တာကို ကယ်တင်နေတဲ့ ဒေသခံသူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာ မူးယစ်ဆေးသုံးစွဲမှုကို တိုက်ဖျက်နေတဲ့ အရာရှိဘရွတ်ခ်ကျမှ သူ့ရဲ့ ၁၉ နှစ်အရွယ် သမီးဖြစ်သူဟာလည်း အပေါင်းအသင်းမှားပြီး ဆေးစွဲနေကြောင်းသိလိုက်ရပါတယ်။ ဒီလိုကနေ သူဟာ သူ့သမီးလေးကို ဘယ်လိုဆေးဖြတ်ပေးနိုင်အောင် ကြိုးစားအဖြေရှာရာကနေ နဂိုက ဖမ်းဖို့ဆီးဖို့ပဲ သိတဲ့ အရာရှိ ဘရွတ်ခ်ဟာ ကိုယ့်သမီးပါ ဆေးစွဲလာမှ အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်နေတာတွေ၊ ဆေးစွဲနေတဲ့သူတွေ နေ့စဉ် ကိုယ်ရေးကိုယ်တာချိုးဖောက်ခံနေရတာတွေ စသဖြင့် ဥပဒေရဲ့ တစ်ဖက်ခြမ်းက အခြေအနေကို သိလာရပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့သမီးလေးကိုရော ဒီလိုချို့ယွင်းပျက်စီးနေတဲ့ လူမှုအဖွဲ့အစည်းကနေ ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ File Size… (2.29GB) / (948MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 48m Genre …Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း