Crawlers
Crawlers (2026) IMDb Rating (5.4) / Rotten Tomatoes (61%) Paradiso Palms ဆိုတဲ့ တိုက်ခန်းတွဲကြီးမှာ ဆယ်ရီနာဆိုတဲ့ကောင်မလေးကတောက်တိုမယ်ရလုပ်ပြီး ခိုကပ်နေရပါတယ်။ အိမ်ပိုင်ရှင်က အပေါက်ဆိုးဆိုး တကိုယ်ကောင်းသမားဖြစ်ပြီး သူ့ကိုလည်းအမြင်မကြည်ပါဘူး။ ဒီလိုပဲ အိမ်ငှားတွေကလည်းစရိုက်အထွေထွေလူသားတွေဖြစ်တော့ ဘုကျကျ ဆယ်ရီနာနဲ့တည့်တဲ့သူရှားပါတယ်။ တစ်နေ့တော့ ရှားရှားပါးပါးသူနဲ့အပေါက်အလမ်းတည့်တဲ့ ဂျော့ချ်ဆိုတဲ့ အဘိုးကြီး ထူးထူးဆန်းဆန်းသေဆုံးသွားချိန်မှာတော့ သူတို့တိုက်ခန်းတွဲကို ကူးစက်ရောဂါ ဗဟိုဌာနကနေချိတ်ပိတ်ပြီး ကွာရန်တိုင်းလုပ်လိုက်ပါတော့တယ်။ အားလုံးထင်နေကြတာက ကိုဗစ်လို ကူးစက်ရောဂါတစ်မျိုးကြောင့်လို့ထင်ပေမယ့် တကယ်တမ်းက အဆိပ်ပြင်းပင့်ကူတွေကြောင့်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ မဖြစ်နိုင်တဲ့ အခြေအနေတွေကြားကနေ သူတို့အားလုံးအသက်ရှင်သန်ရေးအတွက် ရုန်းထွက်ဖို့ဖြစ်လာပါတော့တယ်။ Crawlers ဟာ ၉၀ ခုနှစ်တွေကB-movie စတိုင် Body Horror နဲ့ဟာသတွေကိုပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးပါ။ တကိုယ်ကောင်းဆန်တဲ့ လက်တွေ့ကျတဲ့ ဂွတီးဂွကျလည်းနိုင်တဲ့ ဇာတ်ကောင်တွေပါတယ်။ ကြောက်စရာ အသည်းယားစရာရွံစရာ ဇာတ်ကွက်မျိုးတွေထဲမှာ သဘာ၀ကျတဲ့ဟာသတွေပစ်ထည့်ထားတယ်။ အစကနေအဆုံးထိ အီလေးဆွဲနေတာဒရာမာချိုးနေတာတွေမပါပဲ လိုရင်းရောက်အောင်သွားထားလို့ ကြည့်ရတာ ပျော်စရာကောင်းနေတဲ့ ဇာတ်ကားတစ်ကားပါ။ File size… (1.3 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:28:21 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း