Jane Got a Gun
အနောက်ပိုင်းဒေသမှာ နေထိုင်တဲ့ ဂျိန်းတို့လင်မယားနောက်ကို ဘစ်ရှော့ဆိုတဲ့ လူမိုက်တစ်ယောက် လိုက်ရှာနေပါတယ်။ ဘစ်ရှော့က ပြည့်တန်ဆာလုပ်ငန်းနဲ့ ကြီးပွားချင်သူဖြစ်ပြီး ဂျိန်းရဲ့ယောက်ျားကလည်း တစ်ချိန်က သူ့လူဟောင်းပါ။ ဂျိန်းကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေဖို့ လုပ်နေတုန်း သူ့ယောက်ျားက ကယ်ထုတ်ပြီး နှစ်ယောက်သား ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ဘစ်ရှော့တို့ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဂျိန်းရဲ့ယောက်ျား ဒဏ်ရာရသွားတဲ့အခါ သူ့ကို အားကိုးလို့မရတော့ပါဘူး။ ဂျိန်းက စစ်မှုထမ်းဘဝမှာ သူရသတ္တိဆုတွေ ရထားတဲ့ စစ်ပြန်တစ်ယောက်ဖြစ်သူ ရည်းစားဟောင်းဆီ သွားပြီး အကူအညီတောင်းရတယ်။ ဒီလိုနဲ့ ဂျိန်း၊ သူ့ရည်းစားဟောင်းနဲ့ သေနတ်ဒဏ်ရာရနေတဲ့ သူ့ယောက်ျားတို့ဟာ လူမိုက်ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်ဖို့ ဖြစ်လာပါတယ်။ ဂျိန်းအဖြစ် Natalie Portman က သရုပ်ဆောင်ထားပြီး Joel Edgerton နဲ့ Ewan McGregor တို့လည်း ပါဝင်ထားပါတယ်။ ဒီကားမှာ Joel က လူကောင်းဘက်၊ Ewan က လူဆိုးဘက်က ပါဝင်ထားသလို Joel ဟာ ဇာတ်ညွှန်းရေးသားသူတွေထဲမှာလည်း ပါပါတယ်။ မတရားမှုတွေ၊ လက်စားချေမှုတွေနဲ့ သေနတ်ပစ်ခန်းတွေပါတဲ့ ကောင်းဘွိုင်ဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း