ဇာတ်ကားများ ရွေးရန်

Cerita Lila

2026ဇာတ်ကားအမှတ် 5.0/10106 မိနစ်

Cerita Lila (2026) IMDb Rating (7.9) ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေးကို ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဟော်ရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တာရီဆိုတဲ့အမျိုးသမီးမှာ သမီးလေးတစ်ယောက်ရှိပြီးတော့ သူမဟာ တစ်ကိုယ်တည်းမိခင်ဖြစ်ကာ အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ တာရီဟာ သူ့ယောက်ျားနဲ့ ကွာရှင်းဖို့ တရားရုံးတက်ပြီးတဲ့အချိန်မှာ ရှေ့နေငှားခတွေနဲ့ စုဆောင်းထားသမျှ ငွေတွေ အကုန်ကုန်သွားခဲ့ပြီး လချုပ်နဲ့ ငှားနေတဲ့အိမ်ကနေ ဆင်းရဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း တရားရုံးရက်ချိန်းတွေကြောင့် အလုပ်ခဏခဏ ပျက်ကွက်ပြီး အလုပ်ထုတ်ခံရမလို ဖြစ်တဲ့အတွက် သူဌေးကို တောင်းပန်ရာကနေ သူဌေးက နောက်ဆုံးအခွင့်အရေးအနေနဲ့ အိမ်တစ်လုံးကို ဈေးပေါပေါနဲ့ အရောင်းတင်ထားကြောင်း၊ အဲဒီအိမ်ကို တစ်ပတ်အတွင်း ရောင်းထွက်အောင် လုပ်နိုင်ရင် အလုပ်ပြန်ခန့်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီလိုနဲ့ တာရီနဲ့ သူ့သမီးဟာ တိုက်ခန်းကနေ ဆင်းရတဲ့အတွက် သူ့ကိုရောင်းခိုင်းထားတဲ့ အိမ်လေးမှာပဲ ခိုးနေပြီး တစ်ပတ်အတွင်း ရောင်းထွက်အောင် ရောင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီတော့ သူဌေးက ဘာလို့ အဲဒီအိမ်ကို ဈေးပေါပေါနဲ့ ရောင်းခိုင်းတာလဲ၊ သူတို့သားအမိ အဲဒီမှာ ခိုးနေတဲ့အတောအတွင်း‌မှာရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1 GB) / (560 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:46:39 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း