As We Breathe (aka) Aldigimiz Nefes
As We Breathe (2026) IMDb Rating (5.6) Aldigimiz Nefes (As We Breathe) ဆိုတဲ့ ၂၀၂၅ ထွက် တူရကီရုပ်ရှင်ကားလေးက ရင်နင့်စရာကောင်းတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းက ၂၀၀၀ ခုနှစ်အစောပိုင်း တူရကီနိုင်ငံရဲ့ ကျေးလက်မြို့လေးတစ်မြို့မှာ အခြေခံထားပါတယ်။ တစ်နေ့တော့ မြို့မှာရှိတဲ့ ဓာတုဗေဒစက်ရုံတစ်ခု ပေါက်ကွဲပြီး မီးအကြီးအကျယ်လောင်ပါလေရော။ အဲဒီကထွက်တဲ့ အဆိပ်ငွေ့တွေက တစ်မြို့လုံးကို ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်တွေပါ ပျက်စီးကုန်ပါတော့တယ်။ ဒီကြားထဲ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ အဖေဖြစ်သူ Mehmet က အလုပ်လက်မဲ့ဖြစ်ပြီး ငွေရေးကြေးရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အဆိပ်ငွေ့တွေနဲ့ အန္တရာယ်များနေပါစေ၊ သူကတော့ အာဏာရှင်ဆန်ဆန်နဲ့ ဒီမြို့ကနေ ဘယ်မှမပြောင်းဘူးဆိုပြီး ဇွတ်ပေကတ်နေပါတယ်။ အဓိကဇာတ်ကောင် အက်စမာ (Esma) ဆိုတဲ့ သမီးအကြီးဆုံးလေးက အသက် ၁၀ နှစ်၊ ၁၁ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အမေဖြစ်သူကလည်း ဘေးမှာမရှိတော့တဲ့အပြင်၊ ယောက်ျားလေးဆို အိမ်လုပ်ငန်းမလုပ်ရဘူးဆိုတဲ့ အဖေဖြစ်သူရဲ့ ရှေးရိုးစွဲအယူအဆကြောင့် အိမ်မှုကိစ္စအဝဝက အက်စမာလေး ပခုံးပေါ် ရောက်လာပါတော့တယ်။ ကလေးမလေးခမျာ ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းရဘဲ မောင်လေးနှစ်ယောက်ကို ထိန်းရ၊ ဖျားနာနေတဲ့ အစ်ကိုကြီးကို ပြုစုရ၊ ပြီးတော့ အိပ်ရာထဲလဲနေတဲ့ အဘွားအိုကြီးကိုပါ အကုန်လုပ်ကျွေးပြုစုနေရပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးက ကျပ်တည်း၊ တစ်ဖက်မှာလည်း အဆိပ်ငွေ့တွေကြောင့် မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေးထိခိုက်လာတဲ့အခါ... ဖိအားတွေကြားထဲ ပိတ်မိနေတဲ့ ကလေးမလေး အက်စမာတစ်ယောက် သူမရဲ့ ပျောက်ဆုံးလုနီးပါး ကလေးဘဝ အပြစ်ကင်းစင်မှုလေးကို ဘယ်လိုဆက်ထိန်းထားမလဲ၊ ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size… (650 MB) / (570 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:31:50 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း