ဇာတ်ကားများ ရွေးရန်

Mr. Shota's Last Business Trip

2026ဇာတ်ကားအမှတ် 6.5/10123 မိနစ်

Mr. Shota's Last Business Trip (2026) IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Golden Kamuy ထဲက ဂျပန်မင်းသားကြီး Ryohei Otani နဲ့ လက်ရှိပြသနေတဲ့ Summer Vacation ထဲက မင်းသားချော Jinyoung တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုးရီးယား-ဂျပန် တွဲဖက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အလုပ်ကနေ နုတ်ထွက်စာမတင်ခင် ကိုးရီးယားကို နောက်ဆုံးအကြိမ် အလုပ်ခရီးထွက်ဖို့ ပြင်နေတဲ့ ရှိုတာ (Ryohei Otani) နဲ့ လမ်းခွဲထားတဲ့ ချစ်သူရဲ့ နှလုံးသားကို ပြန်အရယူနိုင်ဖို့အတွက် ချစ်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂျပန်နိုင်ငံ၊ အယ်နိုရှီးမားကျွန်းဆီ ခရီးထွက်လာတဲ့ ဒယ်ဆောင်း (Jinyoung) သူတို့နှစ်ဦးက ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ အမှတ်မထင် ဆုံစည်းပြီး အရက်အတူသောက်ဖြစ်ကြရာကနေ ရှိုတာရဲ့ နုတ်ထွက်စာနဲ့ ဒယ်ဆောင်းရဲ့ ချစ်သူကို ပေးဖို့ ရေးထားတဲ့ အချစ်စာလွှာလေးက အပြန်အလှန် လဲလှယ်မိသွားကြပါတယ်။ စာလည်း လဲလှယ်မိလက်စနဲ့ တစ်ယောက်ရဲ့ စာကို တစ်ယောက်က ကူညီဆင့်ပါးပေးဖို့ ကတိထားလိုက်ကြပြီးတဲ့နောက်မှာ ရှိုတာက ဒယ်ဆောင်းရဲ့ ရည်းစားဟောင်းဆီ၊ ဒယ်ဆောင်းက ရှိုတာရဲ့ အလုပ်ခွင်နဲ့ မိသားစုဆီ အသီးသီး အလည်ရောက်သွားတဲ့အခါ... နှစ်ဦးသားက တစ်ယောက်ဘဝထဲ တစ်ယောက် ခေတ္တခဏ ဝင်ရောက်ခံစားကြည့်ပြီး တိုက်ရိုက် မပြောပြနိုင်ခဲ့တဲ့ ရင်တွင်းစကားတွေကို ကိုယ်စား ဆင့်ပါးပြောကြားပေးရင်းနဲ့ပဲ ဒီခရီးစဉ်ကနေ ဘယ်လို အဖိုးတန် အတွေ့အကြုံတွေကို ရရှိသွားကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦးရှင်။ File Size : 1.52GB/ 690MB Quality : NF 1080p 5.1CH/ 720p Format : mp4 Duration : 2hr 03m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း