ဇာတ်ကားများ ရွေးရန်

Made in Abyss Movie 1: Journey's Dawn

2019ဇာတ်ကားအမှတ် 7.6/10119 မိနစ်

ပထမဦးဆုံးအနေနဲ့ Made in Abyss ရဲ့ Watch order လေးပြောပြပါ့မယ် - Season 1 (13 Eps) or Movie 1,2 - Made in Abyss Movie 3: Dawn of the Deep Soul - Season 2 (12 Eps) - ခု ရုံတင်နေတဲ့ Made in Abyss Movie 4: Awakening Mystery တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ Movie 1 - Journey's Dawn က Season 1 Ep 1 to 8 ကို ကာဗာလုပ်ထားပြီး Movie 2 - Wandering Twilight က Ep 9 to 13 ကို ကာဗာလုပ်ထားတဲ့ Recap Movie တွေ ဖြစ်တာမို့ ဒီ Movie 1 & 2 ကို ကြည့်လိုက်ရင် S1 ကြည့်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်..။ ကဲ Made in Abyss အကြောင်းလေးကို ကြည့်မယ့်သူတွေအတွက် ရှင်းပြပါရစေ... စပြောချင်တာကတော့ ရုပ်ထွက်လေးတွေက Cute ပြီး ချစ်စရာကောင်းပေမဲ့လည်း ဇာတ်လမ်းနဲ့ ပြကွက်တွေကတော့ ကလေးကြည့် မဟုတ်ပါဘူး Deep & Dark ဖြစ်ပါတယ် သွေးထွက်သံယိုအကြမ်းဖက်တာတွေပါတယ် ကလေးသူငယ်တွေ ဆင်းရဲဒုက္ခတွေပါပါတယ် သူ ဇာတ်အိမ်တည်ထားတာက ဟိုးအရင်ကတည်းက Abyss လို့ခေါ်တဲ့ တွင်းနက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့တယ် အဲဒီထဲမှာ အလွှာတွေအထပ်ထပ်တည်ရှိပြီး ထူးခြားဆန်းကြယ်တဲ့ ရှေးဟောင်းပစ္စည်းတွေလည်းရှိတယ် သတ္တဝါအဆန်းပေါင်းစုံလည်းရှိတယ် အောက်ဆုံးကိုလည်း ဘယ်သူကမှ မရောက်ဖူးပဲ ဒီ Abyss ထဲကို စူးစမ်းလေ့လာကြတဲ့ ဂူရှာဖွေသူတွေဆိုတာလည်း သက်သက်ရှိကြတာပေါ့ အဲဒီ ဂူရှာဖွေသူတွေကို အတွေ့အကြုံနဲ့ ပညာအလိုက် ဝီစီအရောင်လေးတွေနဲ့လည်း ခွဲထားကြပါတယ် ခေါင်းလောင်း - ဝီစီနီ - ဝီစီပြာ - ဝီစီလမင်း - ဝီစီနက် ပြီးတော့ ဝီစီဖြူတွေကတော့ ဆရာကြီးတွေ ဒီ Abyss ဆိုတာကလည်း ဆင်းချင်တိုင်း ဆင်းမရဘူး ဘာလို့လဲဆိုတော့ ဆင်းလိုက်တဲ့အလွှာပေါ်မူတည်ပြီး ပြန်တက်လာရင် Abyss ကျိန်စာလို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပါသေးတယ် မူးဝေအော့အန် သွေးတွေထွက်တာမျိုးအပြင် လူစိတ်ပျောက်ပြီး မကောင်းဆိုးရွားဖြစ်တာမျိုးတွေပါ တအားနက်တဲ့အလွှာက (အလွန်ဆုံး ၆ လွှာ) ပြန်တက်လာရင် လူပါသေနိုင်လောက်တဲ့ထိ ဆိုးရွားတာမျိုးပေါ့လေ ကဲ Abyss အကြောင်း ရှင်းပြပြီးပြီဆိုတော့ ဇာတ်လမ်းလေးကို ပြောပြမယ်... ဒီ တွင်းနက်ကြီး Abyss အပေါ်က မြို့လေးရဲ့ မိဘမဲ့ဂေဟာလေးမှာ Riko လို့ခေါ်တဲ့ ဝီစီနီအဆင့် စူးစမ်းရှာဖွေသူ ကလေးမလေးတစ်ယောက်ရှိတယ်။ သူ့အမေ Lyza ဆိုတာက ဒဏ္ဍာရီလာ ဝီစီဖြူကြီးတစ်ယောက် တစ်ရက် ပထမအလွှာလေးမှာတင် Riko တစ်ယောက် ဟိုရှာ ဒီရှာလုပ်နေတုန်း အကောင်ကြီးတစ်ကောင် လိုက်သတ်တာခံနေရတဲ့အချိန် ထူးဆန်းပြီး မှတ်ဉာဏ်ပျောက်နေတဲ့ စက်တစ်ပိုင်း လူတစ်ပိုင်းကောင်လေး Reg က ကယ်ပေးလိုက်ပါတယ် အဲဒါတွေအပြင် Abyss အောက်ခြေက မြေအောက်ကမ္ဘာထဲကနေ စာတိုလေးတစ်ခုကလည်း Riko ဘဝကို အပြောင်းလဲကြီး ပြောင်းလဲပေးလိုက်ပါတော့တယ် အဲဒါက ဘာလဲဆိုတော့.. "မြေအောက်ကမ္ဘာ ချောက်နက်ကြီးရဲ့အောက်ဆုံးကနေ စောင့်နေတယ်" ဆိုပြီး မိခင်ဖြစ်သူက ရေးသားထားတယ်လို့ ယုံကြည်တဲ့ Riko ဟာ အမေကို လိုက်လံရှာဖွေဖို့ဆိုပြီး စက်ရုပ်ဘော်ဒါလေး Reg နဲ့အတူတူ Abyss အောက်ဆုံးထဲကို ဆင်းကြမယ့် စွန့်စားခန်းခရီးကြီး ဖြစ်ပါတယ်။ ၁၀ နှစ်ကျော် ကလေးလေး ၂ ယောက်တည်း လူကြီးတွေတောင် ဆင်းသွားကြရင် တော်ရုံတန်ရုံ အသက်ပျောက်သွားကြတဲ့ တွင်းနက်ကြီးထဲကို ဘယ်လိုတွေ ဖြတ်သန်းသွားကြမလဲ ဘယ်လို ထူးခြားဆန်းကြယ်မှုတွေ ရက်စက်မှုတွေကို ကြုံတွေ့ရမလဲ အောက်ဆုံးထိ ရောက်သွားမလား ဘာဖြစ်မှာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ...။ File size…    2.2 GB / 1.2 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Anime, Dark Fantasy, Folk Horror Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း