ဇာတ်ကားများ ရွေးရန်

WOW Bring it on

2025ဇာတ်ကားအမှတ် 6.5/10

WOW Bring it on (2025) IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ စိတ္တဇဆန်ဆန် စွဲလမ်းစိတ်၊ ပိုင်ဆိုင်လိုစိတ်တွေကြားက အမှောင်ဘက်ခြမ်းဆန်တဲ့ ရိုမန့်စ်ကို ပုံဖော်ထားတဲ့ ပြင်းပြင်းရှရှ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Main Cast တွေအနေနဲ့ XX ထဲက မင်းသမီး Hwang Seung-Un, Iron Family ထဲက မင်းသား Kim Hyun-Jun တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ညှို့ချက်ပြင်းတဲ့ အချစ်ဝတ္ထုတွေကို ရေးသားနေပေမဲ့ ရည်းစားတော့ တစ်ခါမှ မထားဖူးသေးတဲ့ FA တစ်ယောက်ဖြစ်တဲ့ စာရေးဆရာမ ဟာနီ (Hwang Seung-Un)... မသိတာ မရှိရတော့မဲ့ အသက် ၃၀ ထဲလည်း ဝင်လာပြီဆိုတော့ ရည်းစားကလည်း ထားချင်ပြီ။ ဒါပေမဲ့ သူ့နှလုံးသားထဲကနေ တမ်းတမ်းစွဲ လိုချင်တပ်မက်နေမိတာကတော့ အီဘိုင်းစ် (Kim Hyun-Jun) တစ်ဦးတည်းသာ... ဟာနီ့ရဲ့ စွဲလမ်းမှုက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် သူ့ဝတ္ထုထဲမှာ အီဘိုင်းစ်ကို ဇာတ်လိုက်မင်းသားအဖြစ်၊ ဇာတ်လိုက်မင်းသမီးကိုလည်း 'ဟာနီ'ဆိုပြီး သူ့နာမည်ရင်းအတိုင်း တိုက်ရိုက် နာမည်တပ် ရေးသားထားတဲ့အထိပါပဲ။ "ဒီနှစ်တော့ ကျိန်းသေပေါက်ကို ရည်းစားရှာမယ်ဟေး"လို့ သန္နိဋ္ဌာန် ချထားချိန်မှာပဲ သူ အပူတပြင်း စောင့်မျှော်နေရတဲ့ crush လေး အီဘိုင်းစ်က ပြည်တွင်းကို ပြန်ရောက်လာပါတော့တယ်။ ဒါပေမဲ့ ဝမ်းသာလို့မှ မဆုံးသေး ဟာနီ ဖုံးဖိထားချင်တဲ့ အတိတ်ကို ကိုင်ဆောင်ထားတဲ့ ဟာနီ့သူငယ်ချင်း ဂျမ်းမာကလည်း ကိုးရီးယားကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါမှာ... တကယ်ပဲ ဟာနီက သူ နှစ်ရှည်လများ တိတ်တခိုး ချစ်လာခဲ့ရတဲ့ အီဘိုင်းစ်နဲ့ အဆင်ပြေသွားနိုင်ပါ့မလား... အီဘိုင်းစ်၊ ဟာနီနဲ့ ဂျမ်းမာတို့ သုံးဦးကြားမှာရော အတိတ်က ဘယ်လို ပတ်သက်မှုမျိုး ရှိနေခဲ့မလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။ File Size : 1.12GB/ 570MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 35m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း