ဇာတ်ကားများ ရွေးရန်

Rodychi (aka) Relatives

2026ဇာတ်ကား86 မိနစ်

မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကြားက အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် ဟာသဇာတ်ကားလေးတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ယူကရိန်း မိသားစုဟာသ ဇာတ်ကားသစ် "Rodychi (aka) Relatives (၂၀၂၆)" ကို ဒီနေ့မှာ Review လုပ်ပေးချင်ပါတယ်။ ဒါရိုက်တာ Yevhen Taller နဲ့ Oleksii Prykhodko တို့ ပူးပေါင်းဖန်တီးထားပြီး အမွေကိစ္စကနေ စတင်လာတဲ့ ဆွေမျိုးတွေကြားက အပြိုင်အဆိုင် ဉာဏ်ဆင်မှုတွေကို အူတက်အောင် ရယ်မောရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kyiv) မြို့အနီးက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ အဘွား နာဒီယာ ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲကနေ စတင်ပါတယ်။ လက်တွေ့ကျကျ တွေးခေါ်တတ်တဲ့ မြေးမလေး မာရီယာဟာ နှစ်အတော်ကြာအောင် ရွာကို မပြန်ဖြစ်ခဲ့ပေမယ့်၊ အဘွားဖြစ်သူက သူမရဲ့ တန်ဖိုးကြီး အိမ်ခြံမြေကို မြေးမလေးနာမည်နဲ့ အမွေလွှဲပေးတော့မယ်ဆိုတဲ့ သတင်းကြောင့် အဘွားမွေးနေ့ပွဲကို အားတက်သရော ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဘွားရဲ့ ဒီဆုံးဖြတ်ချက်ကို မာရီယာရဲ့ ဦးလေးဖြစ်သူ ဂရီဂိုရီ နဲ့ တခြားဆွေမျိုးတွေက သိရှိသွားတဲ့အခါမှာတော့ အိမ်ကြီးကို တူမဖြစ်သူလက်ထဲ လွယ်လွယ်နဲ့ အပါမခံနိုင်ဘဲ အကြီးအကျယ် ကန့်ကွက်ကြပါတော့တယ်။ ဒီလိုနဲ့ အဘွားရဲ့ မွေးနေ့ပွဲလေးဟာ ချစ်ခင်စည်းလုံးတဲ့ မိသားစုတွေ့ဆုံပွဲကနေ အိမ်အမွေရဖို့အတွက် ဆွေမျိုးတွေ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် မျက်နှာလိုမျက်နှာရ လုပ်ကြ၊ ချောက်တွန်းကြတဲ့ ဟာသစစ်မြေပြင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားပုံကို ပျော်ရွှင်ဖွယ် ရိုက်ကူးထားတာပါ။ "Rodychi / Relatives (၂၀၂၆)" ဟာ ဦးနှောက်စားစရာ မလိုဘဲ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ရယ်မောခြင်းနဲ့ ကုစားပေးမယ့် အကောင်းဆုံး မိသားစု ဟာသဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူ လက်ဖက်သုပ်လေးစားရင်း ပျော်ပျော်ပါးပါး ကြည့်ရှုဖို့ အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။ File size… 1.73 GB / 950 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 26m Genre ..... Comedy, Family Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း