Overacting
အိုးခိုင်မော့မင်းသမီး Bow Maylada ရဲ့ အိုဗာတင်းကားလေး ရပါပြီခင်ဗျာ ကဲ... ဟာသကားကောင်းကောင်းနဲ့ အက်ရှင်အကြမ်းစားတွေကို တစ်ကားတည်းမှာ အားရပါးရ ကြည့်ချင်တဲ့ ထိုင်းကားချစ်သူတွေအတွက် ဒီကနေ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာမှ အသစ်စက်စက် ထွက်ရှိလာတဲ့ "Overacting" ကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ရဲအရာရှိဟောင်းကြီးဖြစ်တဲ့ ဖခင်တစ်ယောက်ဟာ အတိတ်က နာမည်ကြီးရဲအရာရှိဘဝကို မှတ်ဉာဏ်တွေ ရုတ်တရက် ပြန်ရောက်သွားရာကနေ စတင်ပါတယ်။ ဖခင်ဖြစ်သူက သူ့ရဲ့ မဟာရန်သူတော်ကြီး "ဆူအာဟောင်"ကို လိုက်ဖမ်းဖို့ လုပ်နေတဲ့အခါ သမီးဖြစ်တဲ့ ရုန်းကန်နေရတဲ့ မင်းသမီးလေးက သူ့ဖခင်ကို တားဆီးဖို့ အကြံထုတ်ရပါတော့တယ်။ အဲဒီမှာတင် သူမရဲ့ ရည်းစားဟောင်း ယာဉ်ထိန်းရဲ တပ်ကြပ် "တွိင်" နဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရှင်း၊ ခေးနဲ့ ဘို တို့ကို စုစည်းပြီး ဖခင်ဖြစ်သူအတွက် အတုအယောင် "မစ်ရှင်" တွေကို ဇာတ်တိုက် ဖန်တီးပေးကြပါတော့တယ်။ ဒါပေမဲ့... ဘုရားစူး အတုအယောင် မစ်ရှင်တွေကနေတစ်ဆင့် အလွဲလွဲအချော်ချော်တွေ ဆက်တိုက်ဖြစ်ကုန်ပြီး တကယ့် ရဲအရာရှိတွေဖြစ်တဲ့ ဖဒေ့နဲ့ စုံထောက်ပေါင်တို့ကိုပါ ရှောင်တိမ်းရတဲ့ အခြေအနေဆိုက်သွားပါတယ်။ ပြဿနာက အဲဒီလောက်နဲ့ မပြီးသေးဘဲ... တကယ့် ရာဇဝတ်ကောင်ကြီး ဆူအာဟောင် အစစ်က ရုတ်တရက် ပြန်ပေါ်လာပြီး ပြစ်မှုတွေ ထပ်ကျူးလွန်တဲ့အခါမှာတော့ သူတို့အုပ်စု ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာ... ၁ နာရီ ၅၇ မိနစ်စာ အချိန်ပြည့် ရယ်မောရမယ့်အပြင် အက်ရှင်ခန်းတွေပါ အပြည့်အဝပါဝင်တဲ့ Action-Comedy ကားကောင်းလေး ဖြစ်ပါတယ်။ အလွဲလွဲအချော်ချော်တွေကြားကနေ တကယ့် ရာဇဝတ်ကောင်ကြီးကို သူတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင် ရယ်မောကြည့်ရှုလိုက်ကြပါဦးဗျာ။
ဇာတ်လမ်းအကြောင်း