ဇာတ်ကားများ ရွေးရန်

I'm Game

2026ဇာတ်ကားအမှတ် 6.6/10173 မိနစ်

I'm_Game (2026) ဂိမ်းဘုရင် ဒန် IMDb 6.5 ၂၀၂၆ ထွက်ဇာတ်ကားတွေထဲ ကြည့်ကိုကြည့်သင့်တဲ့ မင်းသားကြီး Dulquer Salmaan ရဲ့ ရုံတင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြီး ၂ရက်မှာတင် ၁၀ ကုဋေကျော်ရရှိခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ လောင်းကစားလုပ်ရင်း အကြွေးပိနေတဲ့ ဒန်တစ်ယောက် အိမ်ကလည်း ဆပ်မပေး အကြွေးရှင်ကလည်း ခြိမ်းခြောက် နေတော့ ကြံရာမရတဲ့အဆုံး ရှိသမျှရင်းပြီး ပုံအောလောင်းလိုက်တာ အကြွေးပေါ် အကြွေးဆင့်သွားပါလေရော။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ထွက်ပြေးရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး ညာလက် တစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူသတိမေ့နေစဉ်အတွင်း အလှူရှင်ပေါ်လာတာနဲ့ ညာလက်အစားထိုးကုသမှု လုပ်ခဲ့ကြရင်း အောင်မြင်သွားတယ်ပေါ့။ နိုးလာတော့ ပြန်လည်ထူထောင်ရေးလုပ်ပြီး နေ့စဉ်ဘဝထဲပြန်လာတဲ့အချိန် ထူးခြားမှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး၊ အစားထိုးထားတဲ့ညာလက်က သူခိုင်းသလို မလုပ်ဘဲ အသက်ဝင်လာတာပါပဲ။အစကတော့ ကုထုံးရဲ့ နောက်ဆက်တွဲလို့ထင်ခဲ့ပေမဲ့ ခန္ဓာကိုယ်နဲ့လက် အသားကျလာတာနဲ့အမျှ ညာလက်က ခိုင်းတဲ့အတိုင်းမလုပ်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ရို-က်တဲ့အထိ ကိစ္စတွေက ဆန်းကြယ်လာခဲ့ပါတယ်။ သန့်ရှင်းရေးမလုပ်ရင် ရို-က်တာမျိုး အရ-က်သောက်ရင် ရို-က်တာမျိုးတွေဖြစ်လာတော့ ဘော်ဒါတစ်ကောင် ရလိုက်သလိုမျိုး ဖြစ်လာခဲ့တာပေါ့။ ဒီလိုနဲ့ နေလာရင်း ဒီလက်ပိုင်ရှင်နဲ့ ရန်ငြိုးရန်စရှိခဲ့သူနဲ့ ပြန်ဆုံတွေ့လာတဲ့အခါမှာတော့...။ ဘာတွေဆက်ဖြစ် သွားမလဲ။ ဇာတ်ဝင်ခန်းတိုင်းက ရယ်စရာဖြစ်နေပြီး ဟာသနဲ့ ဆန်းကြယ်မှုပေါင်းစပ်ထားတဲ့ အနုပညာကို ခံစားကြည့်ရှုလိုက်ပါဦး။ File size… 3.2 GB / 2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 53m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း