The Eagle Has Landed
ဒုတိယ ကမ္ဘာစစ် နောက်ခံ စပိုင်နဲ့ စစ်ပွဲအက်ရှင် (WWII Espionage / Action Thriller) ဇာတ်ကားကောင်းတွေကို နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ၁၉၇၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္ထဝင် ဇာတ်ကားကြီး "The Eagle Has Landed (၁၉၇၆)" ကို တင်ဆက် ပေးချင်ပါတယ်။ စာရေးဆရာကြီး Jack Higgins ရဲ့ ကမ္ဘာကျော် Bestseller ဝတ္ထုကို The Magnificent Seven နဲ့ The Great Escape တို့လို ကမ္ဘာကျော် ဇာတ်ကားကြီးတွေရဲ့ ဒါရိုက်တာကြီး John Sturges က ရိုက်ကူးပုံဖော်ထားပြီး၊ ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Michael Caine၊ Donald Sutherland နဲ့ Robert Duvall တို့ အပြိုင်အဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ စစ်ပွဲအက်ရှင် ကားကောင်းကြီးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၁၉၄၃ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ စစ်ရှုံးစပြုလာတဲ့ အချိန်မှာ စတင်ပါတယ်။ အာဏာရှင် ဟစ်တလာဟာ အီတလီအာဏာရှင် မူဆိုလီနီကို ဂျာမန်လေထီးတပ်ဖွဲ့တွေက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကို အားကျပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ ကိုလည်း အင်္ဂလန်မြေပေါ်ကနေ ပြန်ပေးဆွဲဖမ်းဆီးပြီး ဘာလင်မြို့ကို ခေါ်ဆောင်လာဖို့ စိတ်ကူးယဉ်ဆန်တဲ့ အမိန့်တစ်ခု ပေးလာပါတယ်။ ဂျာမန် စစ်ထောက်လှမ်းရေးအဖွဲ့ (Abwehr) ရဲ့ အရာရှိ ဗိုလ်မှူးကြီး မက်စ် ရာဒယ်လ် က ဒီအစီအစဉ်ကို လက်တွေ့ဖြစ်နိုင်ခြေ ရှိမရှိ စုံစမ်းရင်းနဲ့၊ ဝန်ကြီးချုပ် ချာချီဟာ အင်္ဂလန် အရှေ့ဘက်ကမ်းခြေနားက စတဒ်လေ ကွန်စတေဘယ် လို့ခေါ်တဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျေးလက်ရွာလေးတစ်ရွာကို လာရောက်လည်ပတ်ဖို့ ရှိတယ်ဆိုတဲ့ လျှို့ဝှက်သူလျှိုသတင်းကို ရရှိသွားပါတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး SS အဖွဲ့ချုပ် ဟင်းမလားရဲ့ ခွင့်ပြုချက်နဲ့အတူ လျှို့ဝှက်စစ်ဆင်ရေးကြီးကို စတင်ပါတော့တယ်။ ဒီအသေခံ စစ်ဆင်ရေးကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ ဂျူးမိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့မိလို့ စစ်ခုံရုံးတင် အပြစ်ပေးခံထားရတဲ့ ဂျာမန် လေထီးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ကာ့တ် စတိုင်နာ နဲ့ သူ့ရဲ့ သစ္စာရှိ တပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ သူတို့ရှေ့ကနေ ကြိုတင်လမ်းကြောင်းရှင်းပေးဖို့အတွက် အင်္ဂလိပ်တွေကို မုန်းတီးတဲ့ အိုင်ယာလန် တော်လှန်ရေးသမား လီယမ် ဒက်ဗလင် က ရွာလေးထဲကို အရင်ဝင်ရောက်သွားပြီး၊ စတိုင်နာရဲ့ တပ်ဖွဲ့ကတော့ မဟာမိတ် ပိုလန်လေထီးတပ်ဖွဲ့ဝင်တွေအဖြစ် အသွင်ယူကာ ရွာလေးထဲကို စိမ့်ဝင်လာကြပါတယ်။ အစစအရာရာ အကွက်စေ့စေ့ စီစဉ်ထားပေမယ့် မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူတို့ရဲ့ သရုပ်မှန် ပေါ်ပေါက်သွားတဲ့အခါ၊ အနီးနားက အမေရိကန် Ranger တပ်ဖွဲ့ဝင်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကြားကနေ စတိုင်နာ တစ်ယောက် သူ့ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် ဘယ်လို ဆက်လက်တိုက်ပွဲဝင်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားရဲ့ အထူးခြားဆုံး ဆွဲဆောင်မှုကတော့ ပုံမှန် ဒုတိယကမ္ဘာစစ်ကားတွေလို မဟာမိတ်တပ်ဖွဲ့ဝင်တွေကိုသာ အဓိကဇာတ်ဆောင်ထားတာမျိုး မဟုတ်ဘဲ၊ ဂျာမန်လေထီးတပ်ဖွဲ့ဝင်တွေနဲ့ အိုင်ယာလန် တော်လှန်ရေးသမားရဲ့ ရှုထောင့်ကနေ ဇာတ်လမ်းကို တည်ဆောက်ထားတာပါပဲ။ နာဇီ SS တွေရဲ့ ရက်စက်မှုကို စက်ဆုပ်ရွံရှာပြီး စစ်သားကောင်းပီသတဲ့ ဂုဏ်သိက္ခာနဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကိုသာ တန်ဖိုးထားတဲ့ ဗိုလ်မှူးကြီး စတိုင်နာ ရဲ့ ဇာတ်ကောင်စရိုက်ကြောင့် ပရိသတ်တွေအနေနဲ့ သမိုင်းကြောင်းအရ ဒီစစ်ဆင်ရေး မအောင်မြင်နိုင်မှန်း သိနေရက်နဲ့တောင် သူတို့အဖွဲ့ဘက်ကနေ စိတ်ဝင်တစား လိုက်ပါခံစားမိစေပါတယ်။ မင်းသားကြီး Michael Caine ရဲ့ တည်ငြိမ်ပြီး သြဇာအာဏာရှိတဲ့ တပ်မှူးစရိုက်၊ Donald Sutherland ရဲ့ ပေါ့ပါးသွက်လက်ပြီး ဉာဏ်များတဲ့ အိုင်ယာလန်သား စရိုက် (ရွာသူလေး Molly အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Jenny Agutter နဲ့ သူ့ရဲ့ အချစ်ဇာတ်လမ်းလေး အပါအဝင်) နဲ့ Robert Duvall ရဲ့ အကွက်စေ့တဲ့ ထောက်လှမ်းရေးအရာရှိ စရိုက်တို့ဟာ ဇာတ်ကားတစ်ခုလုံးကို အသက်ဝင်လွန်းစေပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွေ့အကြုံ မရှိဘဲ နာမည်ကြီးချင်ဇောနဲ့ အလွဲလေးတွေလုပ်မိတဲ့ အမေရိကန် ဗိုလ်မှူးကြီး ပစ်တ်စ် အဖြစ် မင်းသားကြီး Larry Hagman နဲ့ သူ့ရဲ့ လက်ထောက် ကပ္ပတိန် ကလာ့ခ် အဖြစ် Treat Williams တို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်ကားကို အပြောင်းအလဲ ရသတစ်မျိုး ပေးစွမ်းနိုင်ပါတယ်။ The Eagle Has Landed (၁၉၇၆)" ဟာ Where Eagles Dare နဲ့ The Dirty Dozen တို့လိုပဲ ခေတ်ဟောင်း ဒုတိယကမ္ဘာစစ် နောက်ခံ စွန့်စားခန်းနဲ့ လျှို့ဝှက်စစ်ဆင်ရေး ဇာတ်ကားတွေထဲမှာ အကောင်းဆုံး စာရင်းဝင် ဂန္ထဝင်ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်မာပြီး ဝါရင့်မင်းသားကြီးတွေရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို ခံစားချင်တဲ့ ဂန္ထဝင်ရုပ်ရှင် ချစ်သူတွေအနေနဲ့ လုံးဝ လက်လွှတ်မခံဘဲ ကြည့်ရှုသင့်ကြောင်း အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။ File size… 2.43 GB / 1.48 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 15m Genre ..... Action, Adventure, Drama, Thriller, War Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း