ဇာတ်ကားများ ရွေးရန်

The Hitman

1991ဇာတ်ကားအမှတ် 5.5/1095 မိနစ်

ဒီကားမှာတော့ ကွီးချက်က ရဲအရာရှိတယောက်ကနေ တွဲဖက်က သစ္စာဖောက်ပြီး ကွီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကွီးချက်ဆိုတာ သတ်ချင်တိုင်းသတ်မရတဲ့အတွက် မသေပဲ နာမည်ပြောင်းပြီး အရင်လူသေပြီဆိုပြီး ပြန်လာပါတော့တယ်။ ပြန်လာတဲ့ အခါမှာ undercover ကြေးစားလူသတ်သမားအဖြစ် ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ကြေးစား ဆိုပေမဲ့ အရွေးမမှားပဲ ဘေးနားက ဂိုဏ်းစတား သူဌေးများကို တေးထားတဲ့သူတယောက်ပါ။ ဒန်နီ ဂရိုဂန် ဟာ ရာဇဝတ်လောကထဲမှာ နာမည်ကြီးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်အဖြစ် မာဖီးယားဂိုဏ်းချုပ်ကြီး မာကို လူဂါနီ ရဲ့ ဂိုဏ်းထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ အီတလီ မာဖီးယားဂိုဏ်း၊ ပြင်သစ်-ကနေဒါ ဂိုဏ်းနဲ့ အီရန် မူးယစ်ဂိုဏ်းတွေ အချင်းချင်း အပြန်အလှန် တိုက်ခိုက်ပြီး ပြိုလဲသွားအောင် အတွင်းကနေ သပ်လျှိုဖြိုခွဲဖို့ပါပဲ။ ဒါပေမယ့် အီရန်ဂိုဏ်းရဲ့ နောက်ကွယ်မှာ သူ့ကို သေနတ်နဲ့ပစ်ပြီး သစ္စာဖောက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း 'ဒဲလ်' ပါဝင်ပတ်သက်နေတာကို ပြန်လည်တွေ့ရှိသွားတဲ့အခါ၊ ဂိုဏ်းစတားတွေကြားက စစ်ပွဲနဲ့အတူ သူ့ရဲ့ ပုဂ္ဂိုလ်ရေး လက်စားချေမှုကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာကို အက်ရှင်အပြည့်နဲ့ ကြည့်ရှုရမှာပါ။ ဒီကားမှာတော့ သေရွှာပြန်ကွီးချက်က ဘယ်လိုကြမ်းလဲဆိုတာကို သေချာလေး Dark ဖြစ်ဖြစ်ကြည့်ရမှာမလို့ ကွီးချက် ဖန်တွေလက်မလွှတ်တမ်းကြည့်သင့်ပါတယ်။ File size… 1.38 GB / 887 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 35mGenre ..... Action, Crime, Thriller Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း