I Came By
တိုဘီနဲ့ ဂျေးဟာ ဂရက်ဖတီဆွဲတဲ့ လူငယ်နှစ်ယောက်ပါ။ သူတို့က လမ်းမပေါ်မှာ ရေးဆွဲတာထက် အကျင့်ပျက်ခြစားနေတဲ့ သူဌေးတွေရဲ့အိမ်ထဲ ခိုးဝင်ပြီး ခြိမ်းခြောက်စာသဘောနဲ့ ဂရက်ဖတီတွေ ချန်ထားတတ်ကြတယ်။ အဲဒီနည်းနဲ့ စနစ်ဆိုးကို စတင်တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ထားကြသူတွေ ဖြစ်ပါတယ်။ အပြင်ပန်းမှာ လူကောင်းလိုနေပြီး နောက်ကွယ်မှာ အကျင့်ပျက်နေသူတွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ဒီလူငယ်နှစ်ယောက် ရှေ့ဆက်ဘာတွေ ကြုံကြရမလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားတယ်။ ဘာဘက်အန်ဗာရီ ရိုက်ကူးပြီး Netflix က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ကာ နောက်ဘာဖြစ်မလဲဆိုတာ ခန့်မှန်းရခက်တဲ့ပုံစံနဲ့ ဇာတ်သိမ်းနားအထိ ဆွဲခေါ်သွားပါတယ်။
ဇာတ်လမ်းအကြောင်း