ဇာတ်ကားများ ရွေးရန်

Gangs of Wasseypur - Part 1

2012ဇာတ်ကားအမှတ် 7.1/10160 မိနစ်

အင်္ဂလိပ်အစိုးရလက်ထက်၊ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြတဲ့ခေတ်မှာ တောပုန်းဓားပြတွေလည်း ပေါများနေပါတယ်။ အဲဒီထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူက ဓားပြဗိုလ် ဆူလ်တာနာပါ။ ရှဟီးဒ်ခန်းမ်ကတော့ ဆူလ်တာနာရဲ့နာမည်ကို ယူသုံးပြီး လုယက်နေသူဖြစ်တယ်။ တကယ့်ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့သွားတဲ့အခါမှာတော့ အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။ မကြာခင် မွေးလာတော့မယ့် ကလေးအတွက် ရှဟီးဒ်ခန်းမ်ဟာ ခိုးဆိုးလုယက်တဲ့အလုပ်ကို စွန့်ပြီး တခြားနေရာကို ပြောင်းသွားတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ လက်အောက်မှာ တိုက်ခိုက်ပေးရသူ ဖြစ်လာပြန်ပါတယ်။ နောက်တော့ ရာမာဒီးရ်ကို ဖယ်ရှားပြီး သူ့ပိုင်ဆိုင်မှုတွေကို ယူဖို့အထိ ရည်ရွယ်လာပေမယ့် အကြံကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ ရာမာဒီးရ်ခိုင်းတဲ့ အလုပ်တစ်ခုကို သွားလုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ပါဘူး။ ကျန်ခဲ့တဲ့သား ဆဒါးရ်ခန်းမ်ကို ရှဟီးဒ်ရဲ့တပည့် နဆီးရ်က စောင့်ရှောက်ပေးခဲ့တယ်။ ဆဒါးရ်အတွက်တော့ အဖေ့ကိစ္စဟာ မပြီးဆုံးသေးဘဲ ကလဲ့စားချေဖို့က သူ့ဘဝရဲ့ ရည်မှန်းချက်ဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်မှာ မျက်နှာသစ်သရုပ်ဆောင်အများစုနဲ့ ရိုက်ကူးခဲ့တဲ့ ရာဇဝတ်မှုနဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပြီး စုစုပေါင်း ငါးနာရီခွဲခန့်ရှိတဲ့ ဇာတ်လမ်းကို နှစ်ပိုင်းခွဲထားပါတယ်။ ဆဒါးရ်ခန်းမ်အဖြစ် Manoj Bajpayee၊ ဖိုက်ဇဲလ်ခန်းမ်အဖြစ် Nawazuddin Siddiqui၊ နဂ်မား ခါတွန်အဖြစ် Richa Chadda၊ မိုဟ်ဆီးနားအဖြစ် Huma Qureshi နဲ့ ရာမာဒီးရ်ဆင့်အဖြစ် Tigmanshu Dhulia တို့ ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း