Alex Cross
ဒေါက်တာ Alex Cross ဟာ စိတ်ပညာရှင်တစ်ယောက်ဖြစ်သလို ရဲစုံထောက်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ ဇနီး မာရီယာနဲ့အတူ ဒီထရွိုက်မြို့မှာ နေထိုင်နေတဲ့သူ့ကို အက်ဖ်ဘီအိုင်က ဝါရှင်တန်ဒီစီ ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းလာတယ်။ ဒီကမ်းလှမ်းချက်ကို လက်ခံသင့်မသင့် စဉ်းစားနေတုန်း လူချမ်းသာအမျိုးသမီးတစ်ဦး နှိပ်စက်သတ်ဖြတ်ခံရတဲ့အမှု ပေါ်လာပါတယ်။ လူသတ်သမားက အမျိုးသမီးကိုသာမက သက်တော်စောင့်တွေကိုပါ တစ်ယောက်တည်း သတ်ဖြတ်သွားပြီး အခင်းဖြစ်ရာနေရာမှာ ပန်းချီတစ်ပုံ ရေးဆွဲချန်ထားခဲ့တယ်။ ဒီလူဟာ နောက်ထပ် ကွင်းဆက်လူသတ်မှုတွေ ကျူးလွန်ဖို့ ရှိနေကြောင်း Alex သိလာတဲ့အခါ နှစ်ယောက်ကြား အားပြိုင်မှု စတင်လာပါတယ်။ လူသတ်သမားက သူ့မိသားစုကိုပါ ထိပါးဖို့ ကြိုးစားလာတော့ Alex အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ၊ စနစ်တကျ လေ့ကျင့်ထားတဲ့ ဒီလူကို ရင်ဆိုင်နိုင်ပါ့မလား။ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross ဝတ္ထုတွေကို အခြေခံရိုက်ကူးထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး Alex Cross ဇာတ်ကောင်ကို Morgan Freeman ကလည်း သရုပ်ဆောင်ဖူးပါတယ်။
ဇာတ်လမ်းအကြောင်း