Mangkujiwo
ရွာတစ်ရွာမှာ ကန်တီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို စုန်းမလို့ သမုတ်ပြီး နွားတင်းကုပ်ထဲ ပိတ်လှောင်စွန့်ပစ်ထားကြပါတယ်။ သူမရဲ့မျက်နှာက လူရုပ်မပီတော့တာရယ်၊ နိမိတ်ဆိုးတွေ ပေါ်နေတာရယ်ကြောင့် ရွာသူကြီးကအစ သူမကို ကြောက်လန့်နေကြတယ်။ အူမာကတော့ နတ်ဆိုးတွေကို ပူဇော်ပသမှုတွေနဲ့အတူ မွေးဖွားလာပြီး ထူးဆန်းတဲ့စွမ်းအားတွေ ရှိနေသူပါ။ အန္တရာယ်ကြုံတိုင်း လူစိတ်ပျောက်သွားပြီး အဲဒီစွမ်းအားတွေ ထွက်ပေါ်လာတတ်တယ်။ တစ်နေ့မှာ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရတာကြောင့် သူမကို နှုတ်ပိတ်ဖို့ လိုက်လာကြပါတယ်။ အဲဒီအဖြစ်ကနေ သူမ ဘာကြောင့် ဒီလိုမွေးဖွားလာရသလဲဆိုတဲ့ နောက်ကြောင်းကို သိလာရတယ်။ အူမာရဲ့ဘဝနောက်ကြောင်းမှာ ဘာတွေရှိနေသလဲ၊ စုန်းမလို့ သမုတ်ခံထားရတဲ့ ကန်တီရဲ့အဖြစ်မှန်ကရော ဘာလဲဆိုတာကို ဆက်ဖော်ပြထားတဲ့ Yasamin Jasem ပါဝင်သရုပ်ဆောင်ထားသော သရဲဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း