ဇာတ်ကားများ ရွေးရန်

(Tillu)²

2023ဇာတ်ကား

အဖေက သူအကြိုက်ဆုံးဖိုက်တာရဲ့နာမည်ကို ယူပြီး တီလူးလို့ မှည့်ပေးခဲ့ပေမယ့် တီလူးကတော့ ကိုယ့်ကိုယ်ကိုယ် ဒီဂျေတီလူးလို့ ခေါ်ထားပါတယ်။ အလုပ်အကိုင် ရေရေရာရာမရှိဘဲ စိတ်ကူးပေါက်ရာ လိုက်လုပ်တတ်သူပါ။ ဖိုက်တာလုပ်မယ်ဆိုပြီး စမ်းကြည့်ပေမယ့် တစ်လလောက်အကြာ မျက်နှာအထိုးခံရတော့ လက်လျှော့လိုက်တယ်။ စီးပွားရေးလုပ်ပြန်တော့လည်း အရှုံးပေါ်ပြီး နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲ၊ ဘိုနာလုပွဲလို ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ ကလပ်တစ်ခုမှာ သူသဘောကျတဲ့ ရာဒိယာဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့တယ်။ နောက်တော့ တီလူးဟာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ မမျှော်လင့်ထားသော ကိစ္စကြီးတစ်ခုနဲ့ ကြုံလာရပါတယ်။ အဲဒီကိစ္စက ဘာဖြစ်မလဲ၊ စိတ်ထဲပေါ်ရာ လိုက်လုပ်နေတဲ့ တီလူးတစ်ယောက် ဘယ်လိုအဖြစ်တွေ ကြုံရဦးမလဲဆိုတာကို ဟာသနှောပြီး ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း