HIT: The 2nd Case
SP ကေဒီက အမှုဖြစ်ရင် ငါးမိနစ်အတွင်း တရားခံဖမ်းပြနိုင်တဲ့ ရဲအရာရှိတစ်ယောက်ပါ။ ဉာဏ်ကောင်းပြီး မိတ်ဆွေလည်းပေါသလို သတင်းထောက်တွေကြားမှာလည်း နာမည်ကြီးတယ်။ ချစ်သူ အာရာနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ သူ့ဆီ တစ်နေ့မှာတော့ အရင်ကလို အလွယ်တကူ ဖြေရှင်းဖို့မလွယ်တဲ့ အမှုတစ်ခု ရောက်လာပါတယ်။ ခေါင်း၊ လက်နဲ့ ကိုယ်ခန္ဓာကို တစ်ပိုင်းစီ ခုတ်ဖြတ်ထားပြီး လူတစ်ယောက်ပုံစံ ပြန်စီထားတဲ့ အလောင်းကို တွေ့ရတာပါ။ ဒါပေမယ့် ခေါင်းနဲ့ ကိုယ်ခန္ဓာက လူတစ်ယောက်တည်းရဲ့ အစိတ်အပိုင်းတွေ မဟုတ်နေဘူး။ နောက်ထပ်အလောင်းတွေ ရှိနေသေးတဲ့ သဘောဖြစ်တာကြောင့် ကေဒီလည်း အမှုထဲ ပိုဝင်စုံစမ်းလာရတယ်။ ဒီအမှုကို လိုက်ရင်း သူ့အတွက် ဘယ်လိုအသက်အန္တရာယ်တွေ ရှိလာမလဲ၊ တရားခံကရော ဘယ်သူလဲ။ Adivi Sesh ပါဝင်သရုပ်ဆောင်ထားပြီး ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း