ဇာတ်ကားများ ရွေးရန်

Live

2023ဇာတ်ကားအမှတ် 8.0/10124 မိနစ်

အမ်မလာဟာ ၂၀၁၈ ခုနှစ် ရေဘေးတုန်းက အင်တိုက်အားတိုက် ကူညီခဲ့လို့ သူရဲကောင်းမလေးလို့တောင် ခေါ်ဝေါ်ခံရတဲ့ ဆရာဝန်တစ်ယောက်ပါ။ နေ့ဘက်မှာ အလုပ်တွေနဲ့ ပုံမှန်ဖြတ်သန်းနေပေမယ့် ည ၁၁ နာရီထိုးတာနဲ့ သူတစ်ယောက်တည်းသိတဲ့ ခြောက်လှန့်မှုကို ရင်ဆိုင်ရတယ်။ ဘယ်အချိန် ဘယ်နေရာက ရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့ကိုယ်ခန္ဓာပုံတွေ၊ မသင့်တော်တဲ့ ရှုထောင့်ကနေ ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ ရိုင်းစိုင်းတဲ့စာတွေ အဆက်မပြတ် ရောက်လာတာပါ။ ဒီလိုနှောင့်ယှက်စာတွေနဲ့ပဲ သူ့ညတွေကို ဖြတ်သန်းနေရပါတယ်။ တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာ ကြီးပြင်းလာပြီး ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ အဲဒီကောင်မလေးဟာ ပြည့်တန်ဆာလုပ်ငန်း နှိမ်နင်းရေးအတွက် ဖမ်းဆီးနေတဲ့ လူအုပ်ကြားမှာ ရောပါသွားပြီး အဖမ်းခံလိုက်ရပါတယ်။ အဲဒီကနေ သူ့နောက်ကြောင်းတွေကိုပါ ဖော်ထုတ်ခံရပြီး လူသိရှင်ကြား အရှက်ခွဲခံရတော့တယ်။ ဒီကိစ္စကို သတင်းထောက်သူငယ်ချင်းနဲ့ ပူးပေါင်းဖြေရှင်းရင်း မမျှော်လင့်ထားတဲ့ အဖြစ်တွေ ထပ်ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။

ဇာတ်လမ်းအကြောင်း