ဇာတ်ကားများ ရွေးရန်

The Wrath of Becky

2023ဇာတ်ကားအမှတ် 6.9/1083 မိနစ်

၂၀၂၀ ခုနှစ်က Becky ရဲ့ အဆက်မှာ ဘက်ကီက မိဘမဲ့ဘဝနဲ့ နေထိုင်နေရပါပြီ။ အရင်ကားမှာ အဖေ့ကို သတ်သွားသူလေးယောက်ကို လက်စားချေခဲ့တဲ့သူ့ကို မွေးစားဖို့ လူတွေရှိပေမယ့် ဘက်ကီကတော့ ခွေးလေး ဒီယေးဂိုကို ခေါ်ပြီး တစ်အိမ်ပြီးတစ်အိမ်ကနေ ထွက်ပြေးနေတယ်။ တစ်နေ့မှာ အယ်လီနာဆိုတဲ့ အဘွားကြီးတစ်ယောက်က သူ့ကို လမ်းကြုံကားတင်ခေါ်ပေးရာကနေ ဘက်ကီနဲ့ ဒီယေးဂိုတို့ အယ်လီနာဆီမှာပဲ နေဖြစ်သွားကြပါတယ်။ ဒါပေမဲ့ ဘက်ကီကြောင့် အယ်လီနာ အသတ်ခံလိုက်ရတဲ့အခါ သူ့ရဲ့လက်စားချေမှုက ပြန်စလာတော့တယ်။ အသက် ၁၃ နှစ်တုန်းက ဘက်ကီနဲ့ အခု ၁၆ နှစ်အရွယ် ဘက်ကီတို့ ဘယ်လောက်ကွာခြားလာမလဲ၊ သစ္စာရှိတဲ့ ဒီယေးဂိုကရော ဒီတစ်ခေါက်မှာ သူ့ကို ဘယ်လိုကူညီပေးဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ရက်စက်တဲ့ လူသတ်မှုတွေနဲ့ သွေးထွက်သံယိုအခန်းတွေ ပါဝင်တဲ့ အက်ရှင်ထိတ်လန့်သည်းဖိုကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း