ဇာတ်ကားများ ရွေးရန်

Bloody Sunday

2002ဇာတ်ကားအမှတ် 7.3/10107 မိနစ်

၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားပါ။ အဲဒီအချိန်က ဗြိတိန်လက်အောက်မှာရှိတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသမှာ ကက်သလစ်ဘာသာဝင်တွေ ခွဲခြားဆက်ဆံခံနေရပြီး ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေကြပါတယ်။ ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးမှုတွေကြားမှာ အိုင်ဗန်ဦးဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာတွေကို ညှိနှိုင်းတောင်းဆိုဖို့ ကြိုးစားကြတယ်။ ဗြိတိသျှဘက်ကတော့ ဒီလိုတောင်းဆိုမှုတွေ ထပ်မပေါ်ပေါက်လာအောင် တားဆီးဖို့ပဲ ကြိုးပမ်းနေပါတယ်။ နှစ်ဖက်ရဲ့ ရည်ရွယ်ချက်တွေ ကွာခြားနေတဲ့အချိန် တနင်္ဂနွေမနက်ခင်းတစ်ခုကို ရောက်လာခဲ့တယ်။ ခွဲခြားဆက်ဆံခံနေရတဲ့ မြို့ခံတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းဖြေရှင်းနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း