The Twins Effect
အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေ ကမ္ဘာတစ်ဝန်း ကြီးစိုးလာသလို သူတို့ကို နှိမ်နင်းတဲ့ အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်လာပါတယ်။ ရိဗ်၊ သူ့ညီမ ဟယ်လန်နဲ့ တွဲဖက်ဖြစ်သူ ဂျစ်ပစီတို့ကလည်း သွေးစုပ်ကောင်မုဆိုးတွေပါ။ သူတို့နေထိုင်တဲ့ ဟောင်ကောင်ကို ဥရောပနွယ် သွေးစုပ်ကောင်တွေ ရုတ်တရက် ရောက်လာရာက ဇာတ်လမ်းစပါတယ်။ သူတို့ရောက်လာရတဲ့ အကြောင်းရင်းက သွေးစုပ်ကောင်တွေရဲ့ သမ္မာကျမ်းစာလို့ ဆိုနိုင်တဲ့ “Day For Night” စာအုပ်ကို ဂိုဏ်းတွေ အပြိုင်လုနေကြလို့ပါ။ စာအုပ်ထဲက အစွမ်းကို ရယူဖို့ မူလပိုင်ရှင် တော်ဝင်မိသားစုက မင်းသားခြောက်ပါးရဲ့ သွေးကို လိုအပ်နေတယ်။ အဲဒီထဲက ပဉ္စမမင်းသား ကာဇမ်လည်း ဟောင်ကောင်ကို ရောက်လာပြီး ဟယ်လန်နဲ့ ဆုံမိသွားပါတယ်။ စာအုပ်ရဲ့အစွမ်းကို လိုချင်နေတဲ့ ဥရောပနွယ် သွေးစုပ်ကောင်တွေနဲ့ တော်ဝင်မင်းသား၊ သွေးစုပ်ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ ၂၀၀၃ ခုနှစ်ထွက် ဟောင်ကောင်အက်ရှင်ဟာသဇာတ်ကားဖြစ်ပြီး Edison Chen က အဓိကပါဝင်ထားပါတယ်။ Jackie Chan နဲ့ Karen Mok တို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း